Part 2

13.3K 1.4K 28
                                    


Baekhyunတို့ ငှါးနေတဲ့အိမ်လေးက Chanyeolတို့ ဆွေမျိုးနီးစပ်ပိုင်တဲ့ အိမ်လေးပါ။

ဒီအိမ်လေးကို စရောက်ထဲက Baekhyunကအရမ်းသဘောကျခဲ့သည်။ အဓိကကအိမ်အရှေ့ဘက်ထောင့်လေးမှာ ချယ်ရီပင်လေးရှိနေတာကို သဘောကျမိခြင်း။
မှန်အပြည့်ကာထားတဲ့ ဧည့်ခန်းလေးမှာထိုင်ကာ ကော်ဖီတစ်ခွက်နဲ့ ချယ်ရီပင်လေးကို ငေးကြည့်ရတဲ့အရသာကို အရမ်းကြိုက်သည်။

Baekhyunအကြိုက်ကိုသိသည့် Chanyeolက တစ်ချိန်ကျလျှင် ဒီအိမ်လေးကို Baekhyunအတွက်ဝယ်ပေးကာ လက်ထပ်ပီးရင် အတူနေကြမည်ဟု ဂတိပေးဖူးသည်။

ထို့ကြောင့်လည်း အိမ်လေးရဲ့ အပြင်အဆင်ကို Baekhyunစိတ်ကြိုက်ပြင်ခဲ့သည်။ ပရိဘောဂပစ္စည်းများလည်း လစာထုတ်တိုင်း နည်းနည်းစီ ဝယ်စုခဲ့သည်။

ချယ်ရီတစ်ပင်သာရှိတဲ့ ခြံလေးထဲမှာ Lily ပန်းအဖြူတွေ စိုက်ခဲ့သည်။ Chanyeol က ချယ်ရီပင်အောက်မှာ ခုံတန်းလေးတစ်ခုလုပ်ပေးခဲ့သည်။

မကြာခင်မှာ ဧည့်ခန်းလိုက်ကာ ဖယ်လိုက်ရင် မှန်အကာကတစ်ဆင့် ချယ်ရီပင်လေးအပြင် Lilyပန်းအဖြူလေးတွေပါ စိတ်ချမ်းမြေ့ဖွယ်တွေ့ရသည်။

ချယ်ရီပင်အောက်ခုံတန်းလေးမှာထိုင်လျှင်လည်း Lilyပန်းအနံသင်းသင်းလေးရတတ်သည်။ Baekhyunအရမ်းကို သဘောကျမိသည်။

နောက်တစ်ခုက ဘယ်ပစ္စည်းဝယ်ဝယ် ဆင်တူလေးတွေသာဝယ်ဖြစ်သည်။ ထမင်းစားပန်းကန် ကော်ဖီခွက် စသည်ကအစ ဆင်တူလေးတွေဝယ်ထားသည်။

အိပ်ခန်းထဲမှာလည်း Chanyeolကြိုက်သည့် a ime ဇာတ်ကောင်အရုပ်သေးသေးလေးတွေနဲ့ Baekhyunကြိုက်တဲ့ Pikachu အရုပ်သေးသေးလေးတွေကို စင်လေးနဲ့တယုတယသိမ်းထားသည်။

Chanyeolရော Baekhyunရောအလုပ်လုပ်ဖြစ်သည့် အလုပ်စားပွဲပေါ်နဲ့ bedside table ပေါ်မှာတော့ Baekhyunတို့နှစ်ယောက်ရဲ့ ချစ်စရာစုံတွဲပုံလေးက နေရာယူထားသည်။

တကယ့်တကယ် ပြောင်းရတော့မယ်ဆိုတော့ Baekhyunဘာသိမ်းလို့သိမ်းရမှန်းမသိ။ နှစ်ယောက်အတူ ပျော်ရွှင်ခဲ့တဲ့ အိမ်လေးမှာရှိတဲ့ အမှတ်တရတွေကိုလည်း Baekhyun မဖျောက်ဖျက်နိုင်။

နောက်ဆုံးတော့ Baekhyunအင်္ကျီတွေရယ် စားပွဲနှစ်ခုပေါ်က စုံတွဲဓာတ်ပုံလေးနှစ်ခုရယ်သာ ယူပီး Baekhyunချစ်ရတဲ့ အိမ်လေးကနေထွက်ခဲ့တယ်။ ချစ်ရတဲ့ Chanyeolနားကနေရောပေါ့။

EX (Zawgyi+ Unicode)Where stories live. Discover now