Part 16

11.8K 1.4K 82
                                    


Ommaနဲ့ သစ်သီးရွေးဝယ်နေရင်း ပျော်နေကြသည့် Baekhyunကို ကြည့်ပီး Chanyeolလည်း အလိုလိုပြုံးမိသည်။

Baekhyunရဲ့ ဒီလိုမျိုး လွတ်လပ်ပျော်ရွှင်ကာ ရယ်မောနေသည့် မျက်နှာလေးကို မတွေ့ရတာ ကြာပီမလား....

ဒီတစ်ခေါက်....
Ommaလာတာကိုပင် Chanyeolတော်တော်လေးကို ကျေးဇူးတင်နေမိသည်။

အရင်ကတည်းက Ommaကလည်း Baekhyunအပေါ် သားအရင်းဖြစ်တဲ့ Chanyeolထက်ပင် ပိုချစ်ကာ....
Baekhyun သည်လည်း Ommaကို အမေရင်းတစ်ယောက်လို သဘောထားလေသည်။

ခုမှ မျက်နှာလေးကြည်ကာ ပြုံးနေသည့် Baekhyunဆီကနေ Chanyeolတော်တော်နဲ့ အကြည့်မခွာဖြစ်.....

အရင်က....
Baekhyunရဲ့ အပြုံးတို့ဖြစ်တည်ရာက Chanyeolကြောင့် ဖြစ်ခဲ့သော်လည်း.....
အပြုံးတွေကွယ်ပျောက်သွားအောင် လုပ်ခဲ့မိတာလည်း Chanyeolကိုယ်တိုင်ပင် ဖြစ်နေသည်။

Chanyeolကြောင့် မတွေ့ရတာ ကြာနေပီဖြစ်သော Baekhyunအပြုံးတို့ကို မြင်ရလေတော့ ကိုယ့်ကိုကိုယ်ပင် ဒေါသထွက်မိသလို....

အေးစက်နေပီဖြစ်သော Chanyeolတို့ကြား ဆက်ဆံရေးက Ommaလာမှသာ အနည်းငယ် ပြေလျော့လာသလို....

ဒါကလည်း Chanyeolတဖက်သတ် အမြင်ဖြစ်မှာပါလေ....
ဘာလို့လဲဆို....
ခုချိန်ထိ Baekhyunဟာ Chanyeolအပေါ် ဘာစိတ်မှ မရှိတော့သည်အလား အေးစက်လွန်းနေသည်။

Ommaလာတဲ့ အချိန်အတွင်း အိမ်မှာ ပြန်လာနေပေးတာကိုပဲ ကျေးဇူးတင်ရမလို....

Ommaရှေ့သာ စကားပြောပေမယ့် ကွယ်ရာကျ Chanyeolအပေါ် အရေးမလုပ်သည်က ခံရခက်လှသည်။

ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ အသာငြိမ်နေရသည်။

အရင်ကတည်းက တစ်ခန်းထဲ သုံးခဲ့ဖူးသော ချစ်သူတွေ ဖြစ်ခဲ့တာမို့...
Ommaအိမ်မှာ အိပ်မယ်ဆိုတော့ အခန်းအတူသုံးရန် အတော်လေးညှိနိုင်းခဲ့ရသည်။

နောက်ဆုံးတော့ Baekhyunကို ခုတင်ပေါ်တွင် အိပ်စေကာ Chanyeolကတော့ ကြမ်းပြင်ပေါ်တွင် အိပ်ယာခင်း,ခင်းပြီး အိပ်မယ်ဆိုတာနဲ့ သဘောတူခဲ့သည်။

အိပ်မောကျသွားသည့် Baekhyunက အသက်ရှုသံပြင်းပြင်းလေးထွက်လာကာ တစ်ကိုယ်လုံးကို ကွေးပီး အိပ်နေသည်။

EX (Zawgyi+ Unicode)Dove le storie prendono vita. Scoprilo ora