Part 14

11.8K 1.5K 134
                                    


ခြံဝန်းထဲကို ကားဝင်ပီး....
ကားလေးကို ခြံကွက်လပ်တစ်နေရာမှာရပ်လိုက်သည်။
ရှေ့ဆင့်နောက်ဆင့်ပင် ကားနောက်တစ်စီးက ဘေးကို ဝင်ရပ်လေသည်။

ကားပေါ်ကဆင်း,ဆင်းချင်း နှခေါင်းဝကို ရောက်လာတဲ့ Lilyပန်းနံ့ကြောင့် နောက်ကျိနေသည့် စိတ်တွေက အနည်းငယ်တော့ ကြည်လင်သွားရသည်။

"လာလေ Baek အိမ်ထဲဝင်ရအောင်''

အရင်အတိုင်းပဲ လှပနေသည့် Lilyပန်းခင်းသေးသေးလေးကို ကြည့်ကာ နည်းနည်းတော့ ကျေနပ်မိသား။

Lily အပင်လေးတွေက သေချာဂရုစိုက်မှသာ လှပနိုင်သည်မလား။

"တစ်ချို့အပင်တွေ ညိုးကုန်လို့ ကိုယ်ပြန်စိုက်ပေးထားတာ....
Baekရဲ့ အပင်လေးတွေက တော်တော်အယုယကြိုက်တယ်နော်''

ဘေးက Chanyeolအသံကြားမှ ငေးမောနေမိသည့် Lilyပန်းခင်းလေးမှ အကြည့်ခွာကာ အိမ်ထဲဝင်ခဲ့လိုက်သည်။

အနည်းငယ်ရှုပ်ပွနေသည့်က လွှဲလို့ ဧည့်ခန်းလေးက အရင် Baekhyunပြင်ထားသည့်ပုံစံလေးအတိုင်းသာ ရှိသေးသည်။

ကိုယ်က ဧည့်သည်အနေနဲ့သာ လာသည်မို့ ဧည့်ခန်းက ဆိုဖာတစ်ခုပေါ်သာ ဝင်ထိုင်လိုက်သည်။

"Baek အခန်းထဲဝင်နားလေ...
ရေချိုးရင်ချိုးလိုက်ပါလား?''

"ရတယ်''

နေ့လည်က Baekhyunဆီ ommaကဖုန်းဆက်ပြောသောကြောင့်သာ ဒီအိမ်ကိုလိုက်လာခြင်း။

Baekhyunရဲ့ အမေကလိုက်မလာဖြစ်ပေမယ့် Chanyeolရဲ့ အမေကတော့လာလိမ့်မည်ဆို၍
အားနာလို့သာ လာရခြင်း။

Ommaသာဆို ချော့မော့ပီး မလာရန်ပြောလို့ရပေမယ့် Chanyeolရဲ့Ommaကိုတော့ အားနာရသည်မို့ Baekhyunမတားဖြစ်သလို Baekhyunတို့ အခြေအနေကိုလည်း မပြောဖြစ်လိုက်။

ဒီနေ့ညနေရောက်လာမည်ပြောလို့သာ လိုက်လာပေမယ့်....
တကယ်လို့....
ဒီနေ့မလာဖြစ်ပါက Baekhyunပြန်ပီး Ommonyiတို့လာမှသာ လာမည်ဟု စဉ်းစားထားသောကြောင့် အဝတ်အစားတောင် အပိုယူမလာ။

သက်တောင့်သက်သာနေရအောင်လည်း Baekhyunရဲ့စိတ်ကိုက သက်တောင့်သက်သာဖြစ်မနေ။

EX (Zawgyi+ Unicode)Where stories live. Discover now