Part 7

12.3K 1.4K 85
                                    


အခန်းအပူချိန်မြှင့်ထားပေမယ့် ကိုက်ခဲနေသောခန္ဓာကိုယ်က အေးစက်ကာ ချမ်းစိမ့်နေသည်မို့ ခါးနားက စောင်ထူထူကို မျက်နှာနားထိဆွဲကာ ခြုံလိုက်သော်လည်း ချမ်းတာလျော့သွားခြင်းမရှိ။

လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက် ဖျားနေတဲ့ အဖျားက ခုထိမသက်သာသေး။

ပိုဆိုးသည်က ဖျားလျှင်အနားမှာ တစ်ယောက်ယောက်ရှိနေမှနေတတ်သည့် Chanyeolက ဘေးမှာတစ်ယောက်မှမရှိတော့ ဝမ်းနည်းအားငယ်မိသလို ။

NaNa ကသတင်းလာမေးသလို အနေထားမျိုးရှိပေမယ့် အနားမှာပြုစုပေးပါလို့လည်း ပြောမထွက်။ ထိုမျှလောက် ရင်းနှီးသည့် ဆက်ဆံရေး မဟုတ်သေးပေ။

သတင်းလာမေး ဆေးလာတိုက်တိုင်း NaNa က ဆန်ပြုတ်ဝယ်လာတတ်ပေမယ့် အမွှေးအကြိုင် အပြည့်နဲ့ ဆန်ပြုတ်က အီလည်လည်နဲ့ စားရတာခက်လှသည်။ အစာစားဝင်မှ ဆေးသောက်ပါဆိုသည့် ဆရာဝန်စကားကြောင့် ကျိတ်မှိတ်စားနေရသည်မှာ အန်ထွက်မတတ်။

ခုချိန်မှာ တောင်းတမိတာ နေမကောင်းလျှင် Baekhyunပြင်ပေးတတ်သော အဖြူထည်ကြက်သားဆန်ပြုတ်နွေးနွေးလေးကို ငရုတ်ကောင်းလေးဖြူးပီး စားချင်တာပင်။

နောက်ပီး ငါသာမင်းအစားဖြစ်လိုက်ချင်တယ်လို့ ညည်းညူတတ်ကာ အနားမှ တစ်ဖဝါးမှမခွာဘဲပြုစုပေးတတ်သော ကောင်လေးကိုရော သတိရသည်။

ထိုကောင်လေးကတော့ ဟိုတစ်နေ့ ရေပူစမ်းမှာ ပြသနာတက်ပီးတည်းက အရိပ်အယောင်ပင် မမြင်ရတော့။ ထိုနေ့က အကြီးအကျယ် ပြသနာတက်ပီး အိပ်ရာဝင်ခဲ့ပေမယ့် ခေါင်းမာတဲ့ Baekhyunက အလုပ်မပီးသေးဘူးဆိုကာ တစ်ညလုံး အိပ်ရောအိပ်ရဲ့လားမသိ။

မနက်ငါးနာရီလောက် တစ်ရေးနိုးလို့ တိတ်ဆိတ်လွန်းနေသော အခန်းတွင်းလှည့်ပတ်ကြည့်မိသော်လည်း Baekhyunရဲ့အရိပ်အယောင်တောင် မတွေ့တော့။

ပစ္စည်းတွေ အကုန်သိမ်းကာ ဘယ်အချိန်ကထွက်သွားမှန်းမသိသော Baekhyunကို ထိုနေ့တည်းက အဆက်အသွယ်မရတော့တာ ဒီနေ့ထိပင်။

Ting Tong~~Ting Tong

လူခေါ်ဘဲလ်သံ ကြားမိ၍ စောင်ထဲကထွက်ကာ နားစိုက်ထောင်မိသည်။ မနက်ပိုင်းမအား၍ ညနေပိုင်းမှလာခဲ့မယ်လို့ မှာခဲ့သည့်မို့ NaNa တော့မဖြစ်နိုင်။

EX (Zawgyi+ Unicode)Where stories live. Discover now