Part - 1

24K 1.2K 19
                                    

Unicode

" ဗြဲ................ "

အလန့်တကြားအော်ငိုလိုက်တဲ့ သားငယ်လေးရဲ့ အသံကြောင့် မီးဖိုခန်းထဲတွင် ဟင်းချက်နေသော မိခင်ဖြစ်သူ ဒေါ်ရတီခင် လန့်သွားရသည်။

"ဟယ် ဒီကလေးတွေ ဘာဖြစ်ကြပြန်ပြီလဲ "

ကျက်ခါစ ဟင်းအိုးကို လက်စသတ်လိုက်ပြီး ကလေးတွေဆော့နေတဲ့ ဧည့်ခန်းရှိရာကို အမောတကော ပြေးထွက်လာမိတော့ ဒေါ်ရတီတွေ့လိုက်တာက ချောင်မှာကပ်ထိုင်ကာ မျက်ရည်ရွှဲလဲနဲ့ငိုနေသော သားငယ် ရှင်းမြတ်နိုးပိုင်နဲ့ သားငယ်အကြိုက်ဆုံး ၀က်ဝံရုပ်ကို ခွစီးကာ တခစ်ခစ်နဲ့ ကာတွန်းကားကြည့်ပြီး ရယ်နေသော သမီးဖြစ်သူ ရွှန်းမြတ်နိုးပိုင်ပင်.......။

"ရွှန်းရွှန်း သမီး မောင်လေးအရုပ်ကို လုပြန်ပြီလားမောင်လေးကိုအနိုင်မကျင့်ရဖူးလို့မေမေပြောထားတယ်လေ"

"မေမေကလည်း ရွှန်းရွှန်းက ကာတွန်းကားကို မောင်လေး၀က်ဝံရုပ်နဲ့ဖက်ပြီးကြည့်ချင်လို့ခဏဌားတာကို ရွှန်းရွှန်း ကာတွန်းကားကြည့်ပြီးသွားရင်ပြန်ပေးမှာပါ "

"သမီးကိုလည်း မေမေတစ်ရုပ်၀ယ်ပေးထားတယ်လေ ဘာလို့မောင်လေး အရုပ်ကိုမှယူရတာလဲ "

ရွှန်းရွှန်းအရုပ်က သေးသေးလေးဟာကို မောင်လေးဟာက ရွှန်းရွှန်းဟာထက် ပိုကြီးတယ် "

ဘယ်လိုပဲပြောပြောမနိုင်သော သမီးဖြစ်သူကို ကြည့်ပြီးဒေါ်ရတီ သက်ပြင်းဖွဖွ ချလိုက်သည်။

ရွှန်းရွှန်းဟာ စကားလေးကလည်းတတ်လှကာ မျက်လုံးဝိုင်းဝိုင်းလေးနှင့် ချစ်စဖွယ်ပြောတတ်တာမို့ဒေါ်ရတီခင်မှာ သမီးဖြစ်သူကို စိတ်လည်းမဆိုးနိုင်ပြန်။မောင်လေးကို အနိုင်ကျင့်တတ်တဲ့ ဇကလေးရှိပေမယ့် သူ့မောင်လေးကိုတော့ တုန်နေအောင်ချစ်တတ်တာကိုတော့ ဒေါ်ရတီ ကောင်းကောင်းသိသည်။

ကိုယ်၀န်စလွယ်ကတည်းက အမြွှာလေးဟု သိလိုက်ရချိန်မှာ အတိုင်းအသိပျော်ခဲ့ရသောဒေါ်ရတီမှာ မွေးလာတော့လည်း ငါးမိနစ်ပဲကွာတဲ့မိန်းကလေးနဲ့ယောကျာ်းလေးဖြစ်ပြီး ရုပ်ကလေးတွေကလည်း တူလှကာချစ်စရာကောင်းလှတာမို့နှစ်ယောက်လုံးကို တယုတယနဲ့ပိုးမွေးသလိုမွေးလာခဲ့ရတာပင်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now