Ending

12.3K 750 125
                                    

The dimple on his cheek

8 Months later

" Hilton Hotel "

" Amarapura Ballroom "

Unicode

ထိုနေ့က ကောင်းကင်တခွင်သည် မြူမှုန်များဝေကင်းနေကာ ရာသီဥတု သာယာနေ၏။

ထို့နေ့က မန္တလေးရွှေမြို့တော်၏ အထင်ကရနေရာတစ်ခုဖြစ်သော ကျူံးတောင်ဘက်တွင်ခမ်းနားထည်ဝါစွာတည်ရှိတဲ့ Hilton Hotel ၏ Amarapura Ballroom တွင် လူသားနှစ်ဦး၏နှလုံးသားနှစ်ခုကို ပေါင်းစည်းခြင်းရဲ့ မှတ်တိုင်တစ်ခုဖြစ်သော အဖြူရောင် ခြုံလွှမ်းထားတဲ့မင်္ဂလာပွဲဧည့်ခံပွဲတစ်ခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေချိန်လည်းဖြစ်၏။

အခမ်းအနားတစ်ခုလုံးကို နှင်းဆီပန်းအဖြူများဖြင့် အပြည့်လွှမ်းခြုံထားပြီး မင်္ဂလာခန်းမ အဝင်ဝမှာတော့ အဖြူရောင်နှင်းဆီ မုဒ်ဦးကြီးက မင်္ဂလာပွဲ လာသမျှ ဧည့်ပရိသတ်တိုင်းကို လှပတင့်တယ်စွာပင်ဆီးကြိုနေလေ၏

မင်္ဂလာမုဒ်ဦး၏ ဘေးဘက်တွင်တော့ မြင်သူတကာတိုင်း ကြည်နူးအားကျစရာ ကောင်းလှသော ငါးပေခုနှစ်ပေ အကျယ်ခန့်ရှိတဲ့ မင်္ဂလာမောင်နှံ၏ Photo Booth ကြီးကိုခမ်းနားစွာခင်းကျင်းထားကာ ထိုနေရာအားနောက်ခံထား၍ ဓာတ်ပုံရိုက်နေကျသော လူအများစုသည်လည်း ဝေဆာစွာရှိနေလေသည်။

ပွဲအပြင်အဆင်နှင့် တန်ဖိုးကြီးလက်ဝတ်ရတနာများ၊ အဖိုးတန်အဝတ်အစားများကို အကဲခတ်ကြည့်လိုက်ရုံနဲ့တင် လူချမ်းသာအသိုင်းအဝိုင်း၏ မင်္ဂလာဧည့်ခံပွဲဆိုတာ ခန့်မှန်းလို့ရနေပေသည်။

ပွဲအတွင်း စင်မြင့်ထက်တွင်တော့ မင်္ဂလာစောင်းကို အဆင်သင့်တီးခတ်ရန် စောင့်ခိုင်းနေသော အမျိူးသမီးတစ်ဦးအပြင် ခေတ်ပေါ်တီးဝိုင်း Band တစ်ခုနှင့် အစီအစဉ်တင်ဆက်သူ လူငယ်လေးတစ်ယောက်ပါ ရပ်နေလေသည်။

"မကြာခင်အချိန်မှာတော့ လိုက်ထက်ညီလှတဲ့ မင်္ဂလာမောင်နှံက စင်မြင့်ထက်ဆီကို အတူ ကြွလှမ်းလာတော့မှာဖြစ်ပါတယ် "

အစီအစဉ်တင်ဆက်သူ လူငယ်လေးရဲ့ကြေငြာသံ အဆုံးမှာတော့လက်ခုပ်သံတွေက သောင်း
သောင်းဖျဖျ ထွက်လာ၏။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now