Part - 3

12K 1K 5
                                    

Unicode

လေယာဉ်ဆိုက်ပြီး မြန်မာပြည်ကို ခြေချလိုက်တာနဲ့ လတ်ဆတ်သောလေနဲ့နွေးထွေးမှုကို စတင်ခံစားလိုက်ရသည်။ကျောင်းပိတ်ရက်တိုင်း ရှင်း မြန်မာပြည်ကို အမြဲလိုလိုပြန်ဖြစ်သော်လည်း ဒီတစ်ကြိမ်မှာတော့ ခံစားချက်ချင်းက မတူပါ။

လွန်ခဲ့တဲ့လက သူ ဘွဲ့ယူတဲ့အချိန် မိသားစုလိုက်ဘန်ကောက်ကိုရောက်လာကြပြီး ပြန်သွားကြသည်မှာလည်း သိပ်မကြာသေး။ကျောင်းမှာမပြီးပြတ်သေးတဲ့ Project တွေရှိသေးတာမို့ ရှင်းတစ်ယောက်သာ ဘန်ကောက်မှာကျန်ခဲ့တာဖြစ်သည်။

အခုတော့ သိပ်မကြာသေးတဲ့ အချိန်လေးအတွင်းမှာပဲ ရွှန်းရွှန်းကို စေ့စပ်ပေးတော့မယ် အမြန်ဆုံးပြန်လာခဲ့ပါဆိုပြီးအမေက အရေးတကြီး ဖုန်းဆက်လာတာကြောင့် သူတောင် အံ့သြသွားရသည်လေ။

ဒီတစ်သက်ရွှန်းရွန်းကို ယောကျာ်း ယူဖြစ်လိမ့်မယ်ဟု သူလုံး၀မထင်ထားမိ။

အခုလို ရုတ်တရက်ကြီးကြတော့လည်း တစ်ဦးတည်းသော အမကို နှမြောသလိုတော့ဖြစ်ရသည်။

" ရှင်း  "

ခန်းမထဲမှာ သူကိုလာကြိုတဲ့ ရွှန်းရွှန်းကို မြင်လိုက်တာကြောင့် ရှင်း ခြေလှမ်းတွေကို အရှိန်မြင့်လိုက်ကာ ရွှန်းရွှန်းကို ပြေးဖက်လိုက်သည်။

" Congratulation မမ "

"ဘာ Congratulation လဲ ငါစိတ်ညစ်နေတာကို နင်ကရွဲ့တာလား "

ရော ခက်ပြီ အခုမှ မောင်နှမချင်း ပြန်တွေ့လို့ နှုတ်ဆက်လို့တောင်မပြီးသေးဘူး။ ရွှန်းရွှန်းရဲ့ဘုကလန့်စကားတွေကစလာပါပြီ။

ရှင်းကိုယ်ကိုခွာပြီး ရွှန်းရွှန်းကိုကြည့်လိုက်သည်။

လွန်ခဲ့သောလ သူ့ဆီလာတုန်းကတောင်ပြုံးပြုံးရွှင်ရွှင်နဲ့ တစ်ချိန်လုံးအူမြူးနေတတ်သော ရွှန်းရွှန်းဟာ မျက်တွင်းတွေကျကာအနဲငယ် ပိန်သွားသယောင်ပင်။

"မမ နင်ဟာလေ ငါ့ကိုတွေ့လိုက်တာနဲ့ ဘုကလန့်ပြောဖို့ချည်းပဲ စဉ်းစားနေတာ..ပြောပါဦး နင်ကဘာဖြစ်နေရတာလဲ နင်ယောကျာ်းယူတော့မယ်ဆိုလို့ငါက ၀မ်းသာနေတာကို "

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now