Extra - 2

10.5K 612 111
                                    

Unicode

ရွှန်းရွှန်း မင်္ဂလာပွဲပြီးနောက် ...

ချောင်းသာကမ်းခြေ...

.
.
.
တိမ်မှုန်တိမ်မွှားတို့ကင်းစင်ကာ ကြည်လင်
နေသော ကောင်းကင်ပြာပြာအောက် ရေလှိုင်း
တွန့်ကလေးများ ရိုက်ခတ်လျက်ရှိသော ချောင်းသာကမ်းခြေရှိ "New Chaungthar" Hotel ရှေ့
တွင် " Alphard "ကားတစ်စီးစိုက်ကပ်လာသည်။

ညဦးပိုင်းကတည်းက ရန်ကုန်မှထွက်ခွာလာ
ခြင်းကြောင့် ကားမောင်းနေသော ဒါရိုင်ဘာနှင့်
နောက်ဆုံးခုံမှာ တွတ်ထိုးနေသော လူနှစ်ဦးမှ လွဲ၍တစ်ကားလုံးအိပ်မောကျနေပေသည်။

"အစ်ကို......ရောက်ပြီ......ထေတာ့ "

အိပ်မောကျနေရာမှ မိမိ ပုခုံးကို ခပ်ဆတ်ဆတ်
လှုပ်နိုးလိုက်တဲ့ နံဘေးရှိ ချမ်းမြေ့ကိုကိုကြောင့်
ထူးထက်ခေါင် ဆတ်ခနဲ နိုးလာသည်။

"ဟေ...ဟုတ်လား... "

တစ်လမ်းလုံး ရုပ်ပျက်ဆင်းပျက် အိပ်ပျော်လာ
တာမို့ ပုံပျက်နေတဲ့ မျက်မှန်ကို သေသေချာချာ
ဖြစ်အောင် လက်ညှိုးနဲ့ ကောက်တင်လိုက်ကာ
ထူးထက်ခေါင်က အညောင်းဆန့်လိုက်သည်။
မနက်စောစော သူ ရန်ကုန်ကစထွက်ကတည်း
က တစ်လမ်းလုံး အိပ်လိုက်လာခဲ့တာ ဖြစ်ပြီး သူ့
ဘေးမှာထိုင်၍ လိုက်ပါလာသော ချမ်းမြေ့လည်
ထိုနည်းတူပင်...။

" ညီ ..... သွားမယ် "

ထူးထက်ခေါင်က ထိုင်နေရာမှ ဆတ်ခနဲ
ထရပ်လိုက်ရင်း အနောက်ဘက်တွင်ထိုင်ကာ
စိုင်းစင်ခေးဆိုင် နဲ့ စကားလက်ဆုံကျနေသော
ရှင်းမြတ်နိုးပိုင်ကို မျက်မှောင်ကုတ်ကြည့်လိိုက်
သည်။

"bro နဲ့ ချမ်းမြေ့တို့ နှစ်ယောက်သွားနှင့်ကျလေ
ကျွန်တော် နဲ့ ခေးဆိုင် နောက်ကလိုက်လာခဲ့မယ်"

ရှင်းမြတ်နိုးပိုင် က သူ့ဘက်ကို ခဏသာ လှည့်
ပြောရင်း မျက်နှာက ခေးဆိုင်ဘက် ပြန်လှည့်
သွားတာမို့ ထူးထက်ခေါင်က စိတ်မပါသလို
သက်ပြင်းဖွဖွ ချလိုက်သည်။ တကယ်ဆိုညီ
တော်တော်လွန်နေပြီ...။ မနေ့ညကတည်းက
ရန်ကုန်ကိုစရောက်ပါပြီဆိုကတည်းက ခေးဆိုင်
နဲ့စကားတွတ်ထိုးနေတာ အခုထိ အမျှင်မပြတ်
တော့... ။မနက်အစောပိုင်း ချောင်းသာကိုထွက်
လာတော့လည်း ခေးဆိုင်နဲ့မှ အတူထိုင်ချင်ပါ
တယ် ဟုဆိုသောကြောင့် သူ နဲ့ ချမ်းမြေ့ကိုကို
မှာတော့ အောင့်သီးအောင့်သက် နဲ့ အရှေ့ခုံမှာ
အတူတူထိုင်ပေးလိုက်ရသည်။ အဲတာတောင်
အခုထိ စကားပြောတာကို မရပ်တန့်နိုင်သေးဘူး
ဆိုတော့ တော်တော်လေး တရားလွန်နေပြီ...။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now