Part - 8

11K 956 46
                                    

Unicode

တစ်နေကုန် ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်က ရေချိူးလိုက်မှ လန်းလန်းဆန်းဆန်းဖြစ်သွားရသည်။

Lavender ပန်းရနံ့လေးသင်းနေတဲ့ Shower ကို တစ်ကိုယ်လုံး အမြှုပ်ထအောင် ညင်ညင်သာသာ ပွတ်လိုက်ပြီးမှ ပူရှိန်းပါတဲ့ယောကျ်ားသုံး Dove ခေါင်းလျှော်ရည်နဲ့တစ်ခေါင်းလုံးနှိပ်နယ်ပြီး ပွတ်ချလိုက်တာမို့ ခေါင်းက ရှိန်းခနဲဖြစ်သွားကာ တစ်ခေါင်းလုံးက အပူရှိန်တွေလျော့သွားသလိုပင်။

တကယ်ဆို သူ့အသက်အရွယ်နဲ့Companyကြီးတစ်ခုလုံးကို ဦးဆောင်ရသည်မှာ ပင်ပန်းလွန်းသည်လေ။လေးပင်နေတဲ့စိတ်တွေ ပေါ့ပါးသွားတဲ့အထိ ရေပန်း အောက်မှာ နာရီ၀က်လောက်အချိန် ဖြုန်းလို့အပြီးမှာတော့ တစ်ပတ်တစ်ထည်ကိုပတ်ပြီး သူရေချိူးခန်းထဲက ထွက်လာခဲ့သည်။ရေစိုနေတဲ့ ခန္ဓာကိုယ်ကို စင်နေအောင်သုတ် Dressing Gown ( ည၀တ်အကျီ ) အညိုရောင်တစ်ထည်ကို လဲပတ်လိုက်ကာ ရေစိုနေတဲ့ဆံပင်တွေကို Dryer နဲ့ခဏမှုတ်လိုက်ပြီးအိပ်ယာပေါ်မှာ အညောင်းဆန့်လိုက်ရင်း ထူးထက်ခေါင် လှဲလျောင်းလိုက်သည်။

နာရီကို လှမ်းကြည့်တော့ ည ကိုးနာရီ။ဒီအချိန်ဆို ကော်ဖီလေးတစ်ခွက်သောက်ပြီးစာအုပ်လေးဖတ်တာပဲဖြစ်ဖြစ် အညောင်းလေးဆန့်ရင်း အိပ်ယာပေါ်မှာ တစ်ကိုယ်တည်းသီချင်းနားထောင်ရင်း တိတ်တဆိတ်လှဲလျောင်းရတဲ့ အရသာကို သူအကြိုက်ဆုံးမလား။

မျက်စိနှစ်လုံးကို မှိတ်ထားမိရင်း ခပ်တိုးတိုးဖွင့်ထားမိတဲ့ သီချင်းက Troye Sivan ရဲ့ Strawberries and Cigarette ။

ဒီသီချင်းက သူအကြိုက်ဆုံးသီချင်း။အခေါက်ပေါင်းတစ်သိန်းလောက်နားထောင်သော်လည်း သူ့နားထဲဘယ်တော့မှ ရိုးမသွားတဲ့ သီချင်းလေး။ သီချင်းတင်မက ဒီသီချင်းကိုဆိုတဲ့Troye Sivan ကိုလည်း သူအရူးအမူးကြိုက်မိသည်ပဲ။

သူရဲ့သေးသွယ်တဲ့ ခန္ဓာကိုယ်၊စူးရှတဲ့အကြည့်တွေနဲ့ နှုတ်ခမ်းသားထူထူရယ်ဖြောင့်စင်းနေတဲ့နှာတံသွယ်သွယ်လေးကိုကျွန်တော် ရူးသွပ်ခဲ့ဖူးသည်။ တစ်ခါတစ်လေ နှုတ်ခမ်းနီဆိုးပြီး သီချင်းဆိုတတ်သော Troye Sivan ကိုကျွန်တော်ကြွေသည်။လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက Troye Sivan ဟာ သူရဲ့ Role Model ။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now