Part - 4

11.4K 1K 25
                                    

Unicode

"ဖေဖေ နဲ့မေမေ ...ရွှန်းကို ခွင့်လွတ်ပါ ...ရွှန်းယောကျ်ားမယူချင်လို့ ဦးငယ်ရှိတဲ့ ဂျပန်ကို လိုက်သွားပါပြီ ရွှန်းရဲ့လွတ်လပ်မှုတွေကို အိမ်ထောင်ဆိုတဲ့ထောင်ချောက်ကြီးထဲမှာ အကျမခံနိုင်ပါဘူး။ရွှန်းက တစ်သက်လုံး အပျိူကြီးလုပ်မှာပါ  ။တကယ်လို့ယောက်ျားယူရမယ်ဆိုရင်တောင် ရွှန်းက အေးချမ်းတဲ့ Japan နိုင်ငံက ကောင်လေးတစ်ယောက်ကိုပဲအိမ်ထောင်ဖက်အဖြစ်စဉ်းစာမှာပါ။ ရွှန်းကို အတင်းလိုက်ခေါ်ပြီး အတင်းအကြပ်စီစဉ်တာမျိူးတွေတော့ မလုပ်ပါနဲ့ ဖေဖေနဲမေမေ ။အဲလိုလုပ်တဲ့နေ့ဟာ ရွှန်းကိုယ့်ဘာသာ သတ်သေတဲ့နေ့ပဲ ဖြစ်မှာပါ။ အခုတော့ ရွှန်း Japan ကနေတဆင့် ကမ္ဘာပတ်ရင်း ငြိမ်းချမ်းတဲ့ဘ၀မှာ လွတ်လွတ်လပ်လပ် ပျံသန်းရင်း သာသနာပြုလိုက်ပါဦးမယ် ဒီစာကို မေမေတွေ့တဲ့အချိန် ရွှန်း လေယာဉ်ပေါ်ရောက်နေပါပြီ...ရွှန်းကို ခွင့်လွှတ်ပါဖေဖေနဲ့မေမေ ...........

ပုံ/ သမီးမိုက် ရွှန်းမြတ်နိုးပိုင် "

စာရဲ့အနောက်မှာလျှာထုတ်နေတဲ့ပုံပါဆွဲသွားသော ချစ်လှစွာသော သမီးမိုက်ကြီး ရွှန်းမြတ်နိုးပိုင်ရဲ့ အခန်းထဲကစာကို ဖတ်ပြီးပြီးချင်းမှာပဲ ဒေါ်ရတီခင်ခေါင်းထဲက မိုက်ခနဲဖြစ်သွားရသည်။

ရုတ်တရက်ဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

ယောကျာ်းယူရမယ့် ကိစ္စကို ရွှန်းရွှန်းတစ်ယောက် ဘာမှမပြောပဲ ငြိမ်ငြိမ်လေး လက်ခံနေကတည်းက ရွှန်းရွှန်း ဒီလို ကြိတ်ကြံနေမှန်း ဒေါ်ရတီခင် သိခဲ့သင့်တာပါ။

" ၀တီရေ ....၀တီ ..ပြသနာတော့အကြီးကြီးတတ်ပြီ"

ဒေါ်ရတီခင် ရဲ့အာခေါင်ခြစ်အော်လိုက်သံကြောင့် အပြင်သွားဖို့ ပြင်ဆင်နေတဲ့ ညီမဖြစ်သူဒေါ်ဝတီခင် တစ်ယောက် လန့်သွားရသည်။

ထို့နောက် ဒေါ်ရတီခင် ရှိနေရာကိုခပ်မြန်မြန်သွားလိုက်ကာ

" မမရယ် မနက်အစောကြီး အလန့်တကြားနဲ့ ဘာဖြစ်ရတာလဲ "

" နင်တူမ ရွှန်းရွှန်းလေ ငယ်လေးဆီကိုလိုက်သွားပြီ သူ့အဖေသိရင် ပြသနာအကြီးကြီး တတ်တော့မှာပဲ သဘက်ခါဆိုရင်ဘဲ ထူးထက်ခေါင်နဲ့ စေ့စပ်တော့မယ့်ဟာကို "

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now