Part - 28

8.2K 716 43
                                    

The dimple on his cheek

Unicode

"ဘယ်အချိန်မှာလဲ မင်းနဲ့မခွဲနိုင်ဖူးကွယ်
ငါ့အသည်းဦး အားလုံးလည်း နားမလည်နိုင်တဲ့ လူနှစ်ယောက်ရဲ့ ဖြစ်တည်မှု "
.
.
.
ပြာလဲ့လဲ့ ကောင်းကင်နှင့်အတူ ကြည်လင်နေသောစိတ်အစုံသည် မနက်ခင်းစောစောစီးစီးသီချင်းသံတိုးတိုးကိုပင် ကြည်နူးစွာ ဆိုညည်းမိစေသည်။

ချမ်းမြေ့က သီချင်းလေး တအေးအေးနဲ့ မှန်ထဲက ကိုယ့်ပုံရိပ်ကို ကျေနပ်စွာ ပြုံးကြည့်ရင်း နဖူးပေါ်ဝဲကျနေတဲ့အလည်ခွဲပုံ ဆံပင်ဖွာဖွာတွေကိုဟိုတစ်စ ဒီတစ်စ သပ်တင်လိုက်သည်။

စိတ်ကျေနပ်လောက်သည့် အနေအထားကိုရောက်တော့ မှန်တင်ခုံအံဆွဲကို ဆွဲဖွင့်ပြီး မြောက်များလှစွာသောအမိုက်စား တန်ဖိုးကြီးနားကပ်တွေထဲကမှလက်ဝါးကပ်တိုင်ပုံ နားဆွဲတစ်ခုကိုယူကာ ညာဘက်နားထဲ ထိုးသွင်းလိုက်သည်။

နားတစ်ဖက်တည်းမှာ တွဲလောင်းကျနေတဲ့
လက်ဝါးကပ်တိုင်ပုံ နားကပ်က ဆံပင်အကြေဖွာဖွာအောက်က မျက်နှာသွယ်သွယ်ကို ပိုကြည့်ကောင်းစေတာအမှန်။ အဖြူရောင် တီရှပ်နဲ့မိုးပြာရောင် ဂျင်းတစ်ထည်ကိုကောက်စွပ်ပြီးရှင်းအကြိုက်ဆုံးဆိုတဲ့ ရနံ့ဆိုတဲ့ Relvon က Charlie Silver ရေမွှေးကို အဖျားလေးစိုရုံစွပ်လိုက်သည်။ တန်ဖိုးကြီး Branded မဟုတ်ပေမဲ့ ရှင်းက ရေမွှေးဆို Relvon က Charlie Silver ကိုပဲ စွဲစွဲလမ်းလမ်းရှိတာမို့ ဒီရေမွှေးကသူ့အတွက်ဆောင်ထားသင့်သည့် ပစ္စည်းတွေထဲကတစ်ခုဆိုလည်းမမှား ။

ရှင်း ခိုဝင်မယ့် သူ့ရင်ခွင်တစ်ဝိုက်မှာ ရှင်းကြိုက်တဲ့ မွှေးရနံ့လေး သင်းပျံနေစေချင်တာ သူ့ဆန္ဒ။

မနေ့က ရှင်းနဲ့ ပြန်အဆင်ပြေပြီးကတည်းကသူဟာ အရင်က ချမ်းမြေ့ကိုကို ပြန်ဖြစ်လာခဲ့တာအခုလည်းကြည့် မနေ့ညက ရှင်းဆီက

" မနက်ဖန် Date မလား ချမ်းမြေ့ " ဟု

အိပ်ခါနီး မဆီမဆိုင်ရောက်လာတဲ့ SMS လေးတစ်စောင်ကြောင့် တစ်ညလုံး စိတ်လှုပ်ရှားပြီးဟိုလှိမ့် ဒီလှိမ့်နဲ့ အိပ်မရခဲ့ ။

ငယ်ငယ်ကတည်းက နေ့တိုင်းမြင်တွေ့နေခဲ့ရတဲ့ မျက်နှာတစ်ခုဖြစ်ပေမဲ့ ထိုနေ့ညကျမှ ထူးထူးခြားခြား မိုရီဆာကီဝင်း စကားနဲ့ ပြောရမည်ဆိုလျှင် စိတ်တွေခုန်နေတာ။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now