Part - 22

9.7K 801 116
                                    


Unicode

" ပြီးပြီ....."

ရွှန်းရွှန်းသည် စိုင်းစင်ခေးဆိုင်ဆိုသော ချစ်စဖွယ်အနှီကောင်လေးနဲ့အကြည့်စိုက်နေရာမှ ရုတ်တရက်ဘေးနားလာရပ်သော အရိပ်တစ်ခုကြောင့် ကိုယ်က ဆတ်ခနဲဖြစ်သွားရသည်။

"ဟာ...သူများတွေသာယာနေတာကို ဒီလူကြီးက တစ်မှောက် "

စိတ်ထဲက မချိူမချဉ်တွေးရင်း အပေါ်သို့မော့အကြည့်

"ဟယ်... ချောလိုက်တာ "

မြန်မာဆန်ဆန် ဝင်းဝါသော အသားအရေပေါ်မှာ ထင်းထွက်နေတဲ့ ရှုတည်တည် နှုတ်ခမ်းတွေပေါ်က စိမ်းဖန့်ဖန့်နှုတ်ခမ်းမွှေးတွေနဲ့ ယောကျ်ားပီသသော မျက်နှာကျ၊

မှုန်ကုပ်နေတဲ့ မျက်ခုံးမွှေးအစုအောက်ကအမည်းရောင်မျက်မှန်ကိုင်းနဲ့ဘောင်ခတ်ထားတဲ့ မိမိကို စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံ။

အဲဒါတွေထက်ပိုထူးခြားသည်က ခါတိုင်းလို အနောက်ကိုရှင်းနေအောင် အပြောင်သိမ်းထားတဲ့ ဆံပင်မျိူးမဟုတ်ပဲ မဟာနဖူးပေါ်မှာ ဆွေစောင်းစောင်းနဲ့ မျက်ခုံးစပ် မထိတထိလေး ဝဲကျနေတဲ့ ပုံသွင်းပြီးခါစ ဆံပင်ပျော့ပျော့လေးတွေ။

အခုလို ကြည့်လိုက်တော့လည်း ထူးထက်ခေါင်သည်ကိုယ်ကြိုက်သော Korea မင်းသား Wonbin နဲ့ပင် ခပ်ဆင်ဆင် တူလာသလို ခံစားမိလာသည်မို့ရွှန်းရွှန်းကလှစ်ခနဲ ပြုံးလိုက်သည်။

"သွားမယ်လေ ဘာကြည့်နေတာလဲ "

"အင်း အင်း သွားမယ် ခေးဆိုင် မမသွားတော့မယ်နော် ခေးဆိုင် စိတ်ပါရင် မမဆီကို အချိန်မရွေး ဖုန်းဆက်လို့ရတယ် "

ရွှန်းရွှန်းက ပိုက်ဆံအိတ်ကို ကောက်ယူလိုက်ရင်းဘေးနားမှာ ထိုင်နေတဲ့ စိုင်းစင်ခေးဆိုင်ကို ကြည့်၍ အပြုံးကလေးနဲ့လှည့်ပြောလိုက်သည်။

"ဟုတ်မမ တကယ်နော် ကျွန်တော် ဒီနေ့ည မမဆီ ဖုန်းဆက်လိုက်မယ် "

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now