Part - 5

11.2K 1K 13
                                    

Unicode

အဲကွန်းကို အမြင့်ဆုံး လွှင့်ထားလို့ပဲမလားမသိ။ Hotel ခန်းထဲကအအေးဓါတ်က သွေးကြောထဲထိအောင် စိမ့်၀င်နေသည်။အေးစက်စက်လက်ဖျားကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိရင်း မှန်ထဲကို လှမ်းကြည့်မိတော့ မိတ်ကပ်တွေအပြည့်လိမ်းခြယ်ထားတဲ့ နုနယ်တဲ့အသွင်အပြင်နဲ့မိန်းမလှလေးတစ်ယောက်က သူ့ကိုပြုံးပြနေသယောင်။

" မျက်နှာလေးက နုဖတ်နေတာပဲ ချောလိုက်တာရှင်းလေးရယ် "

နီညိုရောင် နှုတ်ခမ်းနီကို အပြီးသတ်ဆိုးလိုက်ပြီး သူ့ကိုတစိမ့်စိမ့်ကြည့်ရင်းပြောလာတဲ့တီလေးကို ရှင်းမြတ်နိုးပိုင် ခပ်ဖျော့ဖျော့လေးသာ ပြုံးပြလိုက်သည်။

တကယ်ဆို မိန်းကလေးပွဲထက်ဂါ၀န်တစ်ထည် ၀တ်ထားရတာကို သူသိပ်တော့စိတ်တိုင်းမကျလှ။ငွေရောင်ကြိုးမျှင်တွေနဲ့ လှလှပပစီခြယ်ထားတဲ့ အဖြူတောင် ပွဲတတ် ဂါ၀န်လှလှလေးက သူ့နဲ့တိုင်းချူပ်ထားတာလားလို့ထင်ရလောက်အောင်ကို သူ့ကိုယ်ပေါ်မှာ ကွက်တိကျနေပေမဲ့ ရှင်းအတွက်တကယ်ကို သက်တော့သက်သာ မရှိလှပါ။

မိန်းကလေးတွေရဲ့ကောက်ကြောင်းပေါ်အောင် ရင်ဘတ်နဲ့တင်ပါးနေရာမှာစနစ်တကျထည့်ထားတဲ့ ဖော့တွေကလည်း ယားကျိကျနိုင်လှပေသည်။ ကပိုကရိုထုံးထားတဲ့ ဆံပင်အတုကြီးကိုမကြာခဏသပ်တင်ရင်း နဖူးပေါ်ကျလာတဲ့ ချွေးတွေကို ရှင်း လက်ဖဝါးနဲ့သာ ခပ်ဖွဖွဖိသုပ်နေမိသည်။

"ရှင်းလေး ပွဲမစခင် ဒေါက်ဖိနပ်စီးကျင့်ကြည့်ဦးနော် "

တီလေးပေးလာတဲ့ နှစ်လက်မလောက်အမြင့်ရှိသော မိန်းမစီးငွေရောင်ဒေါက်ဖိနပ်လေးကို ကြည့်ပြီး ရှင်းမြတ်နိုးပိုင်သက်ပြင်းချကာ လေပူကြီး မှုတ်ထုတ်လိုက်သည်။

သူတကယ်ကို လုပ်နိုင်တော့မည်မထင်။

"တီလေး ကျွန်တော် လုပ်နိုင်မယ် မထင်ဘူး"

မိန်းကလေး၀တ်စုံနဲ့ မနေတတ် မထိုင်တတ်ဖြစ်နေကာ ချွေးပြန်နေတဲ့ တူဖြစ်သူကို ကြည့်ပြီး ဒေါ်၀တီခင် စိတ်မသက်မသာဖြစ်မိသည်။

တကယ်ဆိုရှင်းလေးကို ဟန်ဆောင်ခိုင်းမိတာတောင် တီလေးတစ်ယောက်အနေနဲ့ တော်တော်လွန်နေပြီမိသည်။ ယောကျာ်းလေးဖြစ်တဲ့ ရှင်းလေးတစ်ယောက်ဘယ်လောက်နေရခက်နေမယ်ဆိုတာ ဒေါ်၀တီခင်ကိုယ်ချင်းစာသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now