Part - 24 ( Valentine Special )

8.6K 712 76
                                    

Unicode

"ရှင်းလေး ဒီနေ့ သင်တန်းမရှိဘူးမလား
တစ်နေရာ သွားရအောင်ကွာ လွမ်းတယ်
ပြီးတော့ ဒီနေ့က Valentine Day လေ
ငါတို့ လျှောက်လည်သင့်တယ် မထင်ဘူးလား"

ဖုန်းစကရင်မှာ လင်းလာပြီး တောင်ခနဲ
မြည်လာတဲ့ SMS တစ်စောင်ကြောင့်
ရှင်းလေးက အိပ်ယာဘေးချထားတဲ့ဖုန်း
ကို ယူကြည့်လိုက်တော့ ချမ်းမြေ့ဆီက ။

" ကျွတ် "

ရှင်းလေးက SMS ကို တစ်ချက်ဖတ်လိုက်ပြီး ဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်သည်။ ချမ်းမြေ့ဟာ သူနဲ့ စတွဲပါပြီ ဆိုတဲ့နေ့ကတည်း နေ့တိုင်းလိုလို စိတ်ရှုပ်စရာ SMS တွေ ဆက်တိုက်ဆိုသလို မပျင်းမရိ ပို့နေတတ်တာ။

အိပ်နေပြီလား က တစ်မျိူး
စားပြီးပြီလား က တစ်မှောင့်

ချမ်းမြေ့ကပဲ အကဲပိုလွန်းနေသည်လား
သူကိုယ်တိုင်ကပဲ ထိုဂရုစိုက်မှုတွေကို
မခံစားတတ်သည်လားတော့ မပြောတတ်

အခုလည်း ဘယ်တုန်းကမှ စိတ်ဝင်တစားမရှိခဲ့ဖူးတဲ့ Valentine Day ကိုအကြောင်းပြ ပြန်ပြီ။

"ရှင်းလေး reply လုပ်ကွာ ငါးမိနစ်အတွင်း
အကြောင်းမပြန်ရင် ငါမင်းအိမ်ဘက်ကူးလာခဲ့မယ်"

ဒုတိယတစ်ကြိမ် Message Tone ထပ်မြည်လာတဲ့ ဖုန်းကို ရှင်းလေးမျက်မှောင်ကြီးရှုံ့ပြီး စိတ်ပျက်ညည်းတွားစွာကြည့်နေမိသည်။ အိမ်ချင်းနီးနေတာကိုအကြောင်းပြပြီး ချမ်းမြေ့ဟာ သူ့ကို ဒီလိုပဲအခွင့်အရေးယူတတ်တာ။

"ဘယ်မှမသွားချင်ဘူး သင်တန်းကပေးထားတဲ့ Project တွေလုပ်နေတယ် မအားဘူး ပြီးတော့ မြို့ထဲမှာ ဒီနေ့က လူရှုပ်နေမှာ ငါ စိတ်ရှုပ်တာတွေလည်း မခံနိုင်ဘူး"

ချမ်းမြေ့ဆီက ဖုန်း၀င်မလာခင် message
ကိုမြန်မြန်ပို့လိုက်ပြီး ရှင်းလေးက Power
ပိတ်ဖို့ပြင်လိုက်သည်။ မဟုတ်ရင် ချမ်းမြေ့
ဆီက သေချာပေါက်ဖုန်း၀င်လာတော့မှာ

သို့ပေမဲ့ သူကပဲ လက်နှေးသွားသည်လား
ချမ်းမြေ့ကပဲ လက်သွက်လွန်းနေသည်လား

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now