Part - 12

9.8K 951 27
                                    

Unicode

လွန်ခဲ့သော ငါးနှစ်ခန့်က

" ကျွန်တော် Bro ကိုချစ်တယ် "

.............
.............
.............

"ဘာတွေပြောနေတာလဲ ညီ မင်းရူးသွားပြီလား
မင်းကိုယ့်ကို ပတ်သက်ခဲ့တာ ဒီလိုမရိုးမသားတဲ့
စိတ်မျိူးနဲ့လား အဲတာဆိုရင်တော့ မင်းမှားနေပြီ
ကိုယ်မင်းကို ...ညီအရင်းတစ်ယောက်လိုပဲသဘောထားပြီး ဆက်ဆံခဲ့တာ မင်းနားလည်မှုလွဲနေပြီ ညီ ... ကိုယ် ယောကျ်ားချင်း မကြိုက်တတ်ဘူး ကိုယ့်ဘဝမှာယောကျ်ားချင်း ပြန်ကြိုက်ရလောက်တဲ့ထိအောက်တန်းမကျဘူး ညီ အဲလိုလူမျိူးတွေကို ကိုယ်အရွံဆုံးပဲ "

" အား............. မဟုတ်ဘူး Bro ကျွန်တော်ဆိုလိုတာက..... ဖြူဖြူစင်စင်နဲ့....."

"တော်တော့ ညီ ဒီလိုတွေ ဆက်ပြောနေမယ်ဆိုရင် ကိုနဲ့ညီ ဆက်ပြီး စကားပြောဖို့ အဆင်မပြေလောက်ဘူး ကိုယ်တို့ ဆက်ဆံရေးကို ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင် "

"ကျွန်တော်.... ရှင်းပြပါရစေ please ကျွန်တော့်ကို ဒီလိုမဆက်ဆံပါနဲ့ Bro မရှိရင် ကျွန်တော် နေတတ်မှာမဟုတ်........"

ဖုန်းကိုကိုင်ထားတဲ့ ကျွန်တော့် လက်တွေသည်
မျက်ဝန်းစက စီးကျလာတဲ့ မျက်ရည်ပေါက်
များနဲ့အတူ တဖြေးဖြေး တုန်ရီလာခဲ့သည်။

ခဏအကြာမှာတော့ 2 minutes ago ဆိုတဲ့ မီးမစိမ်းတော့တဲ့ အကောင့်လေးကိုပဲ ကျွန်တော် တွေ့လိုက်ရသည်။

သွားပြီ....... ကျွန်တော် မှားသွားပြီ ။ ခံစားချက်တွေကိုအခုလို အလွယ်တကူ မဖွင့်ဟလိုက်သင့်ဘူး။

အခုအချိန်မှာ အကြောက်ဆုံးက Bro ကျွန်တော့်ကို ရွံသွားမှာ မုန်းသွားမှာကိုပဲ

ရှင်းလေး ကုတင်ပေါ်ကို အရုပ်ကြိုးပြတ်ထိုင်ချ
လိုက်သည်။ ပူနွေးကာ စိုထိုင်းတဲ့ မျက်ရည်စီ
ကြောင်းများသည် ပါးပြင်ပေါ်သို့ တရှိန်ထိုးကျ
လာသည်။ သူတစ်ကိုယ်လုံး ဆောက်တည်ရာ
မရေတော့...။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now