Part - 17

9.9K 1K 136
                                    

The dimple on his cheek

Unicode

"ကိုယ်မနေ့က အမူးလွန်ပြီး ပြောခဲ့တာတွေ
အတွက် ဆောရီးပါ အဲဒီစကားတွေကို
ဘယ်တော့မှ မရှိခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ "

ဖုန်း Screen မှာ ပေါ်လာတဲ့ Message တစ်
ကြောင်းကို မြင်လိုက်သည်နှင့် တစ်ဆက်တည်း
တုန်ရီခြောက်ခြားမှုက ဝင်လာသည်။

"ချစ်တယ် " ဆိုတဲ့ စကားလုံးကို လွယ်လွယ်
ပြောပြီး လွယ်လွယ် ရုတ်သိမ်းရအောင် အဲ
စကားက Bro အတွက် ဘယ်လောက်မှ တန်ဖိုး
မရှိတော့ဘူးလား.......

အမူးလွန်ပြီး ပြောခဲ့မိတယ်တဲ့လား.... Bro

"ဟက် "

နာကျင်စွာ ခြောက်ကပ်ကပ် ရယ်မောလိုက်သံ
သည်ပင် လည်ချောင်းထဲ၌ တစ်ဆို့နေ၏ ။

ကျွန်တော် သိခဲ့တဲ့ Bro ဟာ စကားတစ်ခွန်းကို
ဘယ်တုန်းကမှ လက်လွတ်စပယ် မပြောတတ်
တဲ့သူ..။

ရှင်းမြတ်နိုးပိုင် ဆိုတဲ့ ကိုယ့်ကို ရည်ရွယ်ပြီး
ပို့လာတဲ့ Message မဟုတ်သော်ငြား
မျက်ရည်က အလိုလိုကျလာသည်။

ပါးပြင်တစ်ဝိုက် ရွှဲစိုနေတဲ့ မျက်ရည်စတွေကို
ခပ်ကြမ်းကြမ်း ဖိသုတ်ရင်း Bro ဟူသော
Contact လေးအောက်က ရင်းနှီးနေကျ
နံပါတ် တစ်ခုကို ဖိနှိပ်လိုက်သည်။

"တီ................ တီ....................... "

ဆယ်စက္ကန့်စာလောက် အကြာမှာတော့ သြရှရှ
အသံလေး၏ ဆွဲငင် ညို့ရီခြင်းကို ခံလိုက်ရသည်

" ဟယ်လို...."

ကြားနေကျ အသံလေးဖြစ်ပေမယ့် ကြောက်ရွံမှု
က ဒိတ်ခနဲ ဝင်လာပြန်သည်။

" အကို မနက်ဖန် အားလား "

" ........ "

တစ်ဖက်က ဘာစကားသံမှ ထွက်မလာခဲ့ပါ။
လိုင်းမကောင်းတာကြောင့် နေမှာပါဟု မိမိ
ဘာသာဖြေသိမ့်တွေးလျက် ဒုတိယ အကြိမ်
အရဲစွန့် ပြောလိုက်သည်။

" အကိုနဲ့တွေ့ချင်လို့ မနက်ဖန် အားလား "

ရွှန်းရွှန်း ရဲ့ သိက္ခာကို ငဲ့ကွက်ရမယ်ဆိုတာ
သိပေမဲ့ တစ်ခါတစ်လေ Bro မျက်နှာလေး
မြင်ရဖို့အရေး မိုက်ရူးရဲဆန်ပစ်လိုက်ချင်သည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now