Part - 14

10.9K 984 106
                                    


The Dimple on his cheek

Unicode

" သူရ...."

ထူးထက်ခေါင်က ပြင်းရှရှ ဝိုင်တစ်ခွက်ကို
မော့လိုက်ကာ ခွက်ကို ဘားကောင်တာပေါ်
အသာအယာ ပြန်ချလိုက်သည်။

"ဘာတွေညစ်နေတာလဲ ထက်ခေါင် မင်းလို အရာရာပြည့်စုံနေတဲ့သူဆီမှာ ဘယ်လိုစိတ်ညစ်စရာတွေရှိလို့လဲ "

"ငါ ခုတစ်လော ညီ့အကြောင်းပဲ တွေးဖြစ်
နေတယ်ကွာ ငါ လက်မထပ်ခင် ညီ နဲ့ ခဏ
လောက်ဖြစ်ဖြစ် ဆုံချင်သေးတယ် ငါ့မှာ
ညီ့ကို ပြောစရာတွေ အများကြီးရှိသေးတယ် "

ထူးထက်ခေါင်က ခေါင်းငိုက်စိုက်လာသောအခါ
သူရက ခပ်မဲ့မဲ့ ပြုံးလျက် ခေါင်းတစ်ချက် ခါ
လိုက်ပြီး ထူးထက်ခေါင် ရဲ့ ပုခုံးကို ဖျစ်ညှစ်
လိုက်သည်။

"အဲတုန်းကတည်းက မင်းကိုငါ မပြောခဲ့ဘူးလား ထက်ခေါင် မင်းကိုယ်မင်း သေချာပြန်စဉ်းစားဖို့ အဲအချိန်တုန်းကတော့ အဲကောင်လေးကို ရစရာမရှိအောင် ပြောလိုက်တာ မင်းပဲလေ သူ့ကို အရမ်းမုန်းခဲ့တာလဲ မင်းပဲ "

"မဟုတ်ဖူး သူရ ငါ ညီ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး ယောကျ်ားချင်းပြန်ကြိုက်တဲ့ ကောင်တွေကို ငါ အရမ်းရွံတယ် အရမ်းလည်းမုန်းတယ်အဲတာကို ဝန်ခံတယ် ဒါပေမဲ့ ငါမုန်းတဲ့ထဲမှာ ညီတော့မပါဘူးသူရ ညီငါ့ကို ဖွင့်ပြောတဲ့ အချိန်တုန်းကလည်း ရုတ်တရက်သွေးပူသွားလို့ "

"အခုမှ နောင်တရနေလဲ အပိုပဲ ထက်ခေါင်
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ အဲကောင်လေးကို
မင်းကိုယ်တိုင်ပဲ အဝေးကို ကန်ထုတ်ခဲ့တာ
အခုဆို မင်းကိုဟိုကလည်း မေ့နေလောက်ပြီ
ညီလေး တူးပို့ တစ်ဂျားလောက် "

သူရက သူ့ကို ပြောနေရင်း ရှေ့တည့်တည့်မှာ
ရပ်နေတဲ့ စားပွဲထိုးကို ဘီယာလှမ်းမှာသည်။

ညီလည်း သူ့ကို မေ့နေမှာပါတဲ့.... ။ သူရက မစဉ်းစားပဲ လွှတ်ခနဲပြောလိုက်တာ မှန်ပေမယ့် ထူးထက်ခေါင် ရင်ဘတ်တစ်ခုလုံးနာကျင်အောင့်မျက်သွားသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now