Pre - Ending

12.6K 705 85
                                    

The Dimple on his cheek

Unicode

"ဒကာလေးတို့နှစ်ယောက်လုံး လောကီကို စွန့်ခွာ
ပြီးသာသနာ့ဘောင်ထဲ တကယ်ဝင်မယ်လို့ စိတ်ပိုင်းဖြတ်နိုင်တာ သေချာရဲ့လားကွဲ့ "

ကျောင်းထိုင်ဘုန်းကြီးကမိန့်လိုက်တာမို့ ထူးထက်
ခေါင်က စိုင်းစင်ခေးဆိုင်ဘက် ဖြတ်ခနဲ မျက်လုံး ဝှေ့ကြည့်လိုက်သည်။

အကြည့်ကိုက မင်းသေချာရဲ့လား ဆိုတဲ့
အကြည့်မျိူး .....

"သေချာပါတယ် ဘုရား "

"ဟိုဘက်က အသေးလေးကရော ဖြစ်ပါ့မလား "

စိုင်းစင်ခေးဆိုင်အား မယုံသင်္ကာအကြည့်နဲ့
ဘုန်းဘုန်း၏ နောက်ဆက်တွဲ မိန့်သံ။

"သေ....သေချာပါတယ် ဘုရား တပည့်
တော်တကယ် ဝတ်.....ဝတ်ချင်တာပါ "

ထူးထက်ခေါင်က စကားတွေ အထစ်အထစ်အငေါ့ငေါ့ဖြစ်နေသော စိုင်းစင်ခေးဆိုင်အား ဘုကြည့်လှမ်းကြည့်သည်။

မနေ့ညနေကတော့ သူပဲ Boss ဝတ်ရင် ကျွန်တော်လည်း လိုက်ဝတ်မှာဆိုပြီး ဦးဇင်းမှမဝတ်ရရင်ချက်ချင်းပဲ လဲသေတော့မလို တောင်းဆိုခဲ့ပြီးတော့များ။

"ဦးဇင်းဝတ်ရင် ညစာမစားရဘူးနော် အသေးလေး"

"တင်ပါ့ ဘုရား "

"ကဲ နှစ်ယောက်လုံးသေချာပြီဆိုတော့ ကိုယ်တော်တို့ အခုပဲ ဆံချလိုက်ကြရအောင် "

"တင်ပါ့ ဘုရား "

ကျောင်းထိုင် ဘုန်းကြီးက မိန့်လို့အပြီးမှာတော့ သူတို့ နှစ်ယောက်လုံး ကျောင်းတိုက်ထဲကထွက်လာခဲ့သည်။ထို့နောက် သော်တာက

" Boss ခေါင်းလျှော်လို့ရပြီ "

ဟု ပြောလာသဖြင့် ထူးထက်ခေါင်ရော စိုင်းစင်ခေးဆိုင်ပါ ဆံမချမှီ ခေါင်းလျှော်ရန် ရေချိူးခန်းဆီသို့ ထွက်လာကြသည်။

"စိုင်းစင်ခေးဆိုင် "

လမ်းလျှောက်နေရင်း ထူးထက်ခေါင်ကနောက်ကနေ လှမ်းခေါ်လိုက်တာမို့ ရှေ့ကသွက်သွက်သွားနေသော ခေးဆိုင်က လှည့်ကြည့်လာသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now