Part - 6

11.9K 1.3K 40
                                    

Unicode

Star Construction Group ပိုင်ရှင် မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး သူဌေးလေး ထူးထက်ခေါင်နဲ့ရွှန်းမြတ်နိုးပိုင်တို့ရဲ့စေ့စပ်မင်္ဂလာအခမ်းအနား "

မီဒီယာတွေမှာ မီးတောက်သလိုတဟုန်းဟုန်းနဲ့ပလူပျံတွေတဲ့ သတင်းတွေက Facebook တစ်ခါဖွင့်လိုက်တိုင်းသူ့ Newfeeds တစ်ခုလုံးမှာပြည့်လို့နေပေသည်။

ချမ်းမြေ့ကိုကို စိတ်ရှုပ်စွာပင် ဖုန်းကိုအိပ်ယာဘေးပစ်ချလိုက်သည်။ဟိုနေရာလည်း ဒီအကြောင်း ဒီနေရာ
လည်းဒီအကြောင်း ။အဲဒီ ထူးထက်ခေါင်ဆိုတဲ့ အကြောတင်းတင်း လူဟာ ဘယ်လောက်တောင် အောင်မြင်ကျော်ကြားမှန်းမသိ။

စေ့စပ်ပွဲလေးကိုပင် ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ်လုပ်ကာထိုအကြောင်းတွေကလည်း စီးပွားရေး
လောကမှာရော မီဒီယာတွေမှာပါပလူပျံနေတာပင်။ပုံတိုင်းမှာလည်း တစ်လောကလုံးကိုဂရုမစိုက်တဲ့ပုံစံနဲ့မျက်နှာဘေးနဲ့ သူ့ကိုယ်ကို ယုံကြည်မှုရှိသည့်ဟန်ကအထင်းသား။

ချမ်းမြေ့ကိုကို သက်ပြင်းချလိုက်ရင်းအိပ်ယာပေါ်မှာပင် နဖူးပေါ်လက်တင်ကာ အတွေးများနေမိသည်။ထူးထက်ခေါင်ဆိုတဲ့လူရဲ့ဘေးကရွှန်းရွှန်းပုံစံ ဟန်ဆောင်ထားတဲ့ရှင်းလေးဟာ မိန်းကလေးလိုပြင်လိုက်တဲ့အခါ သတိုးသမီး၀တ်စုံအဖြူလေးနဲ့ဘယ်လိုလေးမှန်းကိုမသိအောင်လှနေတာပင်။ တကယ်တော့ ရှင်းလေးကိုလူစားထိုးပြီး ဟန်ဆောင်ခိုင်းတဲ့ ကိစ္စကို ချမ်းမြေ့ကိုကိုဘယ်လိုမှ သဘောမကျလှပါ ။

ဒီကိစ္စအတွက်လည်း ရွှန်းရွှန်းကိုသူစိတ်ဆိုးမိသလို မကူညီခဲ့လိုက်ရင်အကောင်းသားဟုသာတွေးမိသည်။

ရှင်းလေးဘယ်လိုဟန်ဆောင်တယ်ဘဲပြောပြောတခြားလူတစ်ယောက်ရဲ့အနီးနားမှာ အချိန်ပြည့်ရှိနေရမယ့်
ကိစ္စမျိူးကိုတော့ သူလုံး၀ မလိုလား။ဟိုးငယ်ငယ်ကတည်းက သူ့စိတ်ထဲမှာရှင်းလေးနဲ့ပတ်သက်ရင် ခံစားချက်တွေက သာမာန်တော့ မဟုတ်ခဲ့။ ရှင်းလေးနဲ့ အမြွှာမောင်နှမ ဖြစ်တဲ့မိန်းကလေးဖြစ်တဲ့ ရွှန်းရွှန်းအပေါ်ကိုတောင် သူဘယ်လိုမှခံစားလို့မရခဲ့တာပဲ။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now