3 Hours ago

8.1K 552 61
                                    

Unicode

"ရှင်း မင်းနဲ့ငါပွင့်ပွင့်လင်းလင်းဆွေးနွေးကြမလားဟင် "

နှစ်လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရှင်းနဲ့
သူ ဆုံတွေ့ဖြစ်ခြင်းဖြစ်သည်။

နှစ်လဆိုသည့်အချိန်က နှစ်ရှည်လများငြိတွယ်ခဲ့ရတဲ့ သံယောဇဉ်တွေကို အပြီးတိုင်ခြေဖျက်လိုက်
ဖို့လုံလောက်တဲ့အချိန်တစ်ခုတော့မဟုတ်ပေမဲ့ အကို့မျက်နှာကိုမြင်ယောင်လာတိုင်း ရှင်းကို အကို ပိုင်ဆိုင်သည့် မူပိုင်အရာတစ်ခုအဖြစ် သူကျေကျေနပ်နပ် ခံယူထားပြီးသားဖြစ်သည်။

"ပိန်သွားတယ် ရှင်း နှစ်လအတွင်း မင်းဘာတွေ
လုပ်နေတာလဲ "

အချိန်တွေဘယ်လောက်ပဲကြာကြာ ရှင်းမျက်နှာအရိပ်အကဲကိုပဲ ကြည့်နေတတ်သည့် သူ့အကျင့်ကတော့ အခုထိပျောက်မသွားသေး။

"ဆောရီး ရှင်းရာ ငါမင်းကို အရမ်းစိုးရိမ်နေသလိုဖြစ်သွားတယ် တကယ်တော့ ငါတို့ဆက်ဆံရေးက အရင်လိုမှ မဟုတ်တော့တာပဲ "

သူဘာသာ မလုံမလဲနဲ့တိုးတိုးပြောမိတော့ ရှင်းက
ခပ်သဲ့သဲ့ရယ်သည်။

"ငါလူတစ်ယောက်အကြောင်းကို နှစ်လလုံးစဉ်း
စားနေခဲ့တာ အဲလူအပေါ်မှာထားတဲ့ ငါ့အချစ်တွေကို ငါ့ဘာသာပြန်တိုင်းတာနေခဲ့တာ ။သူမရှိပဲ ငါတစ်ယောက် တည်းရှေ့ဆက်နိုင်ဖို့သေချာရဲ့လားဆိုတာ ငါ့ဘာသာ ပြန်ဆန်းစစ်နေခဲ့တာ "

"မင်းအခုထိတွေဝေနေတုန်းလား ရှင်း ငါးနှစ်လုံးစွဲစွဲလမ်းလမ်းချစ်ခဲ့ရတဲ့ လူတစ်ယောက်ကို လက်
လွှတ်နိုင်မယ်လို့ မင်းကိုယ်မင်း အာမခံနိုင်လို့လား ငါသာ မင်းနေရာမှာဆို အကို့ကိုတစ်သက်လုံးအနားမှာဆွဲထားလိုက်မှာ "

ချမ်းမြေ့ရဲ့ပုံစံက သာမာန်နေ့တွေနဲ့အတူပဲထူးခြားစွာ အေးစက် တည်ငြိမ်နေသည်။

ဒီနှစ်လအတွင်းမှာပဲ ချမ်းမြေ့လည်းအများကြီး ရင့်ကျက်ပြောင်းလဲသွားပြီပဲ။

"မင်းကဘာလို့အချိန်လေးနှစ်လအတွင်းမှာဒီလောက်လူကြီးဆန်ပြီးရင့်ကျက်သွားရတာလဲနှစ်လလုံးလည်း မင်းငါ့ကို အဆက်အသွယ်မလုပ်ဘူး"

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now