Part - 25

7.9K 731 88
                                    

The dimple on his cheek

Unicode

" ရှင်း..... "

" မမ...... "

ပြိင်တူထွက်လာသော စကားသံနှစ်ခု၏နောက်တွင် မယုံကြည့်နိုင်ခြင်းများစွာနဲ့ဆိုင်ထဲကလှည့်ထွက် သွားသော လူနှစ်ယောက်။ ထိုလူနှစ်ယောက်၏နောက်သို့ စိုးရိမ်ပူပန်ခြင်းများစွာနဲ့ပြေးလိုက်သွားသောခြေလှမ်းနှစ်စုံ။ ထိုမြင်ကွင်းအား အံသြတကြီးငေးကြည့်နေကျသော ဆိုင်ထဲက လူတစ်စု။

" ရှင်းလေး နေပါဦး ငါ ရှင်းပြပါရစေ "

" မမ ဒါကလေ တကယ်တော့ "

ကော်ဖီဆိုင်ထဲကခပ်သွက်သွက် ထွက်လာတဲ့ရှင်း နဲ့ ရွှန်းရွှန်း နောက်ကနေ ချမ်းမြေ့နဲ့ခေးဆိုင်က ဆိုင်ရာဆိုင်ရာတွေဆီသို့ ကိုယ်စီ အပြေးတစ်ပိုင်း နဲ့လိုက်လာကျသည်။လေးယောက်စလုံးကကိုယ့်
ဇောနဲ့ကိုယ်ထူပူနေတာမို့ ပတ်ဝန်းကျင်တွေဘာတွေလည်း သတိမမူမိကျတော့ ....။

"ရှင်း စောင့်ဦး ငါရှင်းပြတာနားထောင်ဦး "

ချမ်းမြေ့ကနောက်ကနေတကောက်ကောက်
လိုက်နေရတာ စိတ်မရှည်တော့တာမို့ ရှင်းရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

"ဘာလဲ မင်းကောင်လေးတစ်ယောက်နဲ့ Couple
အင်္ကျီဝတ်ပြီး လူတွေရှေ့နမ်းပြနေတာကို ရှင်းပြချင်တာလား အဲတာဆိုရင်တော့ ရှင်းပြစရာမလိုဘူး ငါ ဘာမှမသိချင်ဘူး"

ရှင်းမြတ်နိုးပိုင်က ပုခုံးတစ်ချက်တွန့်ပြလိုက်ပြီးအပေါ်နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

"ရှင်း မင်း ဘာဖြစ်နေတာလဲ မင်းငါ့ကိုဒေါသထွက်နေရင် လက်သီးနဲ့ဖြစ်ဖြစ်ထိုးလိုက် ငါနဲ့ပတ်သက်ပြီးတော့ ဘာမှမခံစားရတဲ့ပုံစံမျိူးနဲ့တော့မဆက်ဆံနဲ့ အဲလိုဆက်ဆံတာတွေ ငါ မကြိုက်ဘူး"

ရှင်းရဲ့အေးစက်စက်အပြုအမူတွေကို မခံစားနိုင်တဲ့အဆုံး ချမ်းမြေ့က စိတ်ရှိလက်ရှိအော်ဟစ်ပေါက်ကွဲပစ်လိုက်သည်။

တကယ်တော့ ရှင်းက သူ ချစ်သူဆိုတဲ့အကြောင်း
ပြချက်တစ်ခုနဲ့ သူ ရှင်း စိတ်မဆိုးအောင် သူ့ဘက်က လိုလိုလားလား ရှင်းပြချင်မိတာ သူနဲ့ပတ်သက်ပြီး ရှင်း သဝန်တိုပြီးပေါက်ကွဲတာမျိူးတွေကိုပဲ ခံယူလိုက်ချင်ခဲ့တာ ။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now