Part - 7

10.9K 971 18
                                    

Unicode

သူ့ကို စကားလုံး၀မပြောပဲခေါက်ဆွဲကိုပဲ တလုပ်ချင်း တိတ်တိတ်ဆိတ်ဆိတ် စားနေသော ရွှန်းမြတ်နိုးပိုင်
ဆိုတဲ့ ကောင်မလေးကို ထူးထက်ခေါင် မသိမသာ ခိုးကြည့်ရင်း အကဲခတ်နေမိသည်။သူဘက်က မစလျှင်စကားတစ်ခွန်းမှမပြောသော ဒီကောင်မလေးဟာဘယ်လိုလေးပါလိမ့်။

အရင်က ရွှန်းမြတ်နိုးပိုင်ဆိုတာ သွက်သွက်လက်လက် ကလေးနဲ့ချစ်စရာကောင်းသည်ဟု သူ့အမေ
ဆီက ခကြာခဏကြားဖူးထားတာကြောင့် သူ့မျက်စိရှေ့က မိန်းကလေးဟာရွှန်းမြတ််နိုးပိုင်မှ ဟုတ်ရဲ့လားဟုပင်ထူးထက်ခေါင် တွေးနေမိသည်။

နက်မှောင်ပြီး ဖြောင့်စင်နေတဲ့ဆံပင်ရှည်ရှည်တွေက လှလွန်းလှကာ ဒီကောင်မလေးဟာ သူ့မျက်စိရှေ့မှာ
တော့ တစ်မျိူးလေး ချစ်စရာကောင်းနေတာပင်။

သူ့ကိုပင် အခုထိ စေ့စေ့မကြည့်ရဲတဲ့ ဒီကောင်မလေးဟာ မေမေတို့ စိတ်တိုင်းကျ ရွေးချယ်ထားတဲ့
သူ့ဘ၀ ရဲ့လက်တွဲဖော်တဲ့လား ။ ဒီမိန်းကလေးနဲ့ ရှေ့ဆက်သွားရမယ့် ခရီးက ရှည်လျားလွန်းတာမို့ သူနဲ့လက်တွဲရမယ့် မိန်းကလေးကို အနီးကပ်အကဲခတ် ကြည့်ချင်မိတာ သူလွန်မယ်လို့တော့မထင်မိ။

"ပြီးရင် ကိုယ့် Company ကိုလိုက်ခဲ့လေ မင်းက Fresh Graduate မလား အတွေ့အကြုံအသစ်တွေတော့ ရမှာပါ "

"ဟုတ်ကဲ့ ""

ထူးထက်ခေါင်ရဲ့ စကားလုံးတွေက ပျော့ပျော့ညင်သာမှု မရှိ။  စကားပြောပုံက အမိန့်ပေးသလိုနဲ့အထက်စီးဆန် လှတာမို့ရှင်းမြတ်နိုးပိုင် ခေါက်ဆွဲစား နေရင်းနဲ့ " ဟုတ်ကဲ့ "ဟုသာ ပြောလိုက်သည်။ ထူးထက်ခေါင် ရှေ့မှာ စကားကို တစ်လုံးစ နှစ်လုံးစထက်ပိုမပြောရဲ။ ထူးထက်ခေါင်ရဲ့ပါးနပ်မှုနဲ့ မတော်လို့ အလိမ်ပေါ်သွားရင် သူရော သူ့မိသားစုပါ ဒုက္ခရောက်မှာပင်။

အဲဒီနောက်တော့ ဘာမှဆက်မပြောမိတော့ပဲ ကားပေါ်တွင်သာ ရှင်းမြတ်နိုးပိုင် တိတ်တဆိတ်လိုက်လာမိသည်။

" ရောက်ပြီ ဒါကိုယ့် ရုံးပဲ "

Construction Company ပီသစွာ အနုပညာလက်ရာအသေးစိတ်တွေနဲ့ ပုံဖော်ထားတဲ့ အဆောက်အဦးဟာ
အပြင်ပန်းက ကြည့်ရုံနဲ့တင် ဘယ်လောက် ကြီးကျယ်ခမ်းနားလှမယ်မှန်း ရှင်းလေးခန့်မှန်းမိသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now