Part - 9

10.1K 999 30
                                    

Unicode

မြတ်နိုးခြင်းတွေ အပြည့်စီးဝင်နေတဲ့ မျက်ဝန်းမျိူးနဲ့ရှင်းကို ကျွန်တော်သတိလက်လွတ် ငေးကြည့်မိနေတော့ ရှင်းက အဓိပ္ပာယ်ကောက်လွဲတယ် ။

"ဟေ့ကောင် ချမ်းမြေ့ အကြည့်တွေကရူးခါနေတာပဲကွာ ငါကို မင်းကောင်မလေးများ မှတ်နေလား ဟမ်"

ရှင်းက အရယ်တဝက်နဲ့ မျက်ခုံးပင့်ပြောတော့
ကြွေကျလုနီးပါး ကျွန်တော့် နှလုံးသားတွေဟာ
ပြန်အဖတ်ဆယ်လို့တောင်မရတော့ ။

ပြုံးလိုက်တိုင်း ခွက်ခွက်ဝင်သွားတတ်တဲ့ ရှင်းရဲ့ပါးပေါ်က ပါးချိူင့်ခွက်လေးက ကျွန်တော့်အား ဒုတိယတစ်ကြိမ် ရူးသွပ်စေပြန်တယ် ။

" ကျောက်ရုပ်ကြီးလုပ်နေမှာလား ဟေ့ကောင်
ဘာတွေအသည်းအသန် စဉ်းစားနေတာလဲ "

မင်းကိုချစ်တဲ့အကြောင်းဟု ကျွန်တော် ထုတ်မပြောမိ။ပြောဖို့ အချိန်မတန်သေးတာလည်း ပါကောင်းပါလိမ့်မည်။

"ကိုယ့်ဘာသာဝအောင်စားစမ်းပါ ငရှင်းရာ
စားသလောက်မဝတဲ့ ဘော်ဒီလေးဖြစ်နေလို့သာပေါ့ မဟုတ်ရင်တော့ မင်းစားပုံမျိူးနဲ့ ဝက်ဖြစ်နေလောက်ပြီ"

ရှေ့မှာတောင်လိုယာလိုပုံထားတဲ့ အပေါင်းပန်းကန်တွေကို ကြည့်ပြီးပြောလိုက်ခြင်းပင်။ တကယ်က ရင်ခုန်သံတွေကို စကားလမ်းကြောင်းလွှဲကာ ထိန်းလိုက်ခြင်းလည်းပါသည်။

" ငါကြိုက်တဲ့ အစားအစာ မို့လို့ပါကွာ "

ရှင်းလေးက စပ်ဖြီးဖြီးရယ်ပြတော့ မနိုင်ဘူးဆိုသည့်သဘောနဲ့ ကျွန်တော်ခေါင်းရမ်းပြလိုက်သည်။

ရှင်းလေးဟာ တစိမ်းတစ်ရံတွေနဲ့ဆိုအနေအေးသလောက် ကျွန်တော်အပေါ်ဆိုလျှင်တော့ စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်းလေးဆက်ဆံတတ်တာကို ကျေနပ်ရပေသည်။

အခုလည်း ရုပ်ရှင်ရုံထဲကထွက်လာပြီး
ကိုယ်တော်ချော က ဗိုက်ဆာတယ်ဟု ဆို၍
DimSum ဆိုင်တစ်ဆိုင်မှာအဝတီးနေတာမို့
ချစ်နေရသောကျွန်တော်က ရှင်းသန့်ချောမွတ်
လှတဲ့ မျက်နှာလေးသာကို ကြည့်ပြီး အလိုလို
ဗိုက်ပြည့်နေခြင်း။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now