Part0

10.1K 270 5
                                    


"ဒုန်း"

scooter နှစ်​စီး မျက်​စိ​ရှေ့မှာတင်​ ဝင်​တိုက်​သွားတာ...

အရှိန်​အရမ်းမပြင်း​ပေမယ့်​ ​မောင်းလာတဲ့သူ နှစ်​ဖက်​လုံး လဲသွားပြီး scooterတစ်​စီးက ​​ဘေးက အမှိုက်​ပုံးကိုဝင်​တိုက်​မိသွားတယ်​။

ဘေးမှာ လမ်းတူတူ​လျှောက်​လာတဲ့ Jennie ရဲ့မျက်​လုံး​​တွေကို မှိတ်​ဖို့ Lisaလက်​ကာလိုက်​​ပေမယ့်​ သူက အကုန်​လုံးကို မြင်​ပီး​ကြောင်​ရပ်​​နေမိသားဖြစ်​​နေတယ်​။
သူရဲ့ငယ်​သူငယ်​ချင်းမ​လေးက အသံကျယ်​ကျယ်​​တွေကြားရင်​ accident​တွေမြင်​ရင်​ အရမ်းလန့်​တတ်​တာ လီဆာသိတယ်​​လေ။

"Jen ရရဲ့လား Jen Jen"

လီဆာ သူ့လက်​နှစ်​ဖက်​လုံးကိုကိုင်​ပီး ​မေးလိုက်​မှ ​ကြောင်​​ကြောင်​က​လေး ကြည့်​​နေရာက​နေ

"Lisa ya သူ့ကို ကူရမယ်​​လေ" အသံ​လေး မပွင့်​တပွင့်​နဲ့ jennie​ပြောလာတယ်​။

သူတို့၂​ယောက်​လုံး scooterလဲတဲ့​နေရာအသွား 
ခပ်​လှမ်းလှမ်းကန်​တင်းက​နေ ​ကောင်​မ​လေးတစ်​​ယောက်​အရှိန်​နဲ့​ပြေးလာတာ ပါးစပ်​ကလည်း ​အော်​​လာ​သေးတာ

"Chae Young , Are you ok?"

အ​ဝေးကြီးက​နေ​ပြေးလာတာဆို​ပေမယ့်​ ဂျင်းနီတို့ တိုက်​ပြီးလဲ​နေတဲ့​ကောင်​မ​လေးနားအ​ရောက်​ သူလည်း​ရောက်​လာတာပဲ။
စိတ်​ထဲ ​ပြေးတာမြန်​လိုက်​တာလို့​တောင်​ ​တွေးမိသွား​သေး။

ခုနကတည်းက Are you ok​အော်​လာတာ ​ဘေးနား​ရောက်​တဲ့အထိ ​အဲ့တစ်​ခွန်း​အော်​​နေတုန်း...
သူလည်း လန်​ပီး​အ​ပြေးလာခဲ့​တော့ အဲ့တစ်​လုံးပဲ​အော်​မိ​နေတာ သတိထားမိပုံမရပါဘူး။

သူ​အော်​လာတဲ့ Chae Youngဆိုတဲ့​ကောင်​မ​လေးနား​ရောက်​ပြီး ဟိုက ဘာမှမဖြစ်​ဘူးဆိုမှ အ​အော်​ရပ်​​တော့တာပဲ။
အဲ့ဒီကျမှ သတိဝင်​လာပုံရတယ်​ တိုက်​မိတဲ့ တခြားတစ်​​ယောက်​ကိုလည်း အဆင်​​ပြေလား ​မေး​တော့တယ်​။

"Mino အဆင်​​ပြေလား"

သူ့အ​မေးကို တခြားတိုက်​မိတဲ့တစ်​​ယောက်​က

အမှိုက်​ပုံးနားက သူ့scooterကို ​ပြန်​​ထောင်​ရင်း
"ရတယ်​ jisoo ငါကရတယ်​ ​​ယောက်ျား​လေးဟ ဒီ​လောက်​တိုက်​မိတာ ဘာမှမဖြစ်​ဘူး Park Chae​​သာ အဆင်​မ​ပြေမှာ"

"နင်​ trainingရှိတယ်​မလား chaeကို ငါပဲ ​​ကျောင်း​ဆေး​ပေးခန်းပို့လိုက်​​တော့မယ်​ နင်​သွား​တော့​ရတယ်​"

"Ok jisoo ငါ trainingပီးတာနဲ့ တန်းလာခဲ့မယ်​ ​ကျေးဇူးပါပဲ"

"Chaeက ငါ့တာဝန်​ပါ ဘာမှမဖြစ်​ဘူး အချင်းချင်း​တွေပဲ"

"Please lisa , Chae young scooter​လေးကို အားကစားရုံ​ရှေ့ တွန်းသွား​ပေးလို့ရမလား သူ့ကို ​ဆေး​ပေးခန်း​ခေါ်သွားရမှာမို့" jisoo​ပြောလာ​တော့

"ဟုတ်​ကဲ့ Jisoo Unnie တွန်းသွားလိုက်​မယ်​"
"ပြီးရင်​ လိုက်​လာခဲ့မယ်​​ ​ဆေး​ပေးခန်းကို"

"Gomawo lisa"
ပြော​ပြောဆိုဆိုနဲ chae youngကို ​ပွေ့ချီပြီး ​ဆေး​ပေးခန်းသွား​တော့တာပဲ။

ဂျင်းနီအံသြတကြီးလိုက်​ကြည့်​မိတယ်​ လူ​ကောင်​​သေး​သေး​ကောင်​မ​လေးက အရပ်​ရှည်​ရှည်​​ကောင်​မ​လေးကို ဘယ်​က အား​တွေနဲ့ ​ပွေ့ချီသွားပါလိမ့်​....

Jisooတဲ့ ဘယ်လိုကောင်လေးလဲ....

Referred PainWhere stories live. Discover now