Part15

1.9K 150 0
                                    

Chae young, lisaနဲ့ Jennieတို့ ၃​ယောက်​ကို စိတ်​ပါလက်​ပါ စာရှင်းပြ​နေတဲ့ Unnieကို ကြည့်​ရတာ တခြားတစ်​​ယောက်​လို ထပ်​ခံစားရပြန်​ပြီ...Jisoo Unnieက ထူးခြားတယ်​ဆိုတာ သူလက်​ခံနိုင်​သွားတယ်​။

ပျော်​​ပျော်​​နေတတ်​​ပေမယ့်​ ​ပေါ့​ပေါ့တန်​တန်​​တွေးတတ်​တဲ့သူ မဟုတ်​ဘူးဆိုတာ​ရော...အိမ်​မှာ အငယ်​ဆုံးမို့ က​လေးလိုဖြစ်​​နေ​ပေမယ့်​ အ​တွေးအ​ခေါ်​တွေ ရင့်​ကျက်​တယ်​ဆိုတာ​ရော...

"Jennieya...နားလည်​လား ​ပြောပြတာ"

ဘယ်​​လောက်​ထိ ​တွေးမိသွားလဲ မသိ။ နားလည်​လား လှုပ်​​မေးမှ အသိပြန်​ဝင်​လာ​တော့သည်​။ ၃​ယောက်​သား Jennieကို ကြည့်​​နေကြတာ...

"​အော...နားလည်​ပါတယ်​။ နည်းနည်း​တွေးမိသွားလို."

"အဲ့တာဆို နားလည်​တယ်​​ပေါ့​နော်​"

"Nae"
စာရှင်းပြတဲ့သူက ​စေတနာနဲ့ ရှင်းပြ​နေတာကို ဘာ​တွေ​လျှောက်​​တွေးမိ​နေတာလဲ။ အာရုံစိုက်​စမ်း Kim Jennie။ ကိုယ့်​ကိုယ်​ကို ပြန်​သတိ​ပေးဘိုက်​ရတယ်​။

"စိတ်​မပူပါနဲ့ Jennieရဲ့...တခြား ဘာသာ​တွေ အမှတ်​ဒီ​လောက်​​ကောင်း​နေတာ။ ပြီး​တော့ ဒီဘာသာကလည်း အရမ်းမဆိုးပါဘူး။ အမှတ်​က အလယ်​အလတ်​ထက်​​တောင်​ ​ကျော်​​သေးတယ်​" Jisoo unnie​ပြော​တော့ Chaeyoung​ရော Lisa​ရော Jennieပါ အံ့သြကုန်​ကြတယ်​။

"ဘာလဲ...သူများအတန်းက အမှတ်​​တွေပါ လိုက်​ကြည့်​​နေတာလား.."ပြိုင်​တူ​အော်​​တော့...

"Inn...."ပြုံးပြီး သူခိုးလူမိသလို ရယ်​​နေပြန်​တယ်​။
.
.
.
"ကဲ က​လေး​တွေ...အဲ့​လောက်​ဆို ရ​လောက်​ပြီ...ဒီနှုန်းအတိုင်းသာ ​သေချာဖတ်​...အမှတ်​များမယ်​လို့ အာမခံတယ်​"

အမယ်​...သူ့ဟာသူ​တွေ ဂုဏ်​ယူပြီး ​ပြောသွား​သေးတာ...Jennie​တွေးပြီးရယ်​မိလိုက်​တယ်​။
အဲ့တာကို မြင်​သွားတဲ့ Unnieက...

"မရီနဲ့ Babe Ni Ni​လေး...စ​နေတာ မဟုတ်​ဘူး။ အတည်​​ပြောတာ...စာသင်​​ရတဲ့က​လေး​တွေရဲ့ အ​ခြေအ​နေကို ကြည့်​ပြီး ​ပြောနိုင်​တယ်​။ အ​စောကတည်းက ​တော်​ပြီးသားသူ​တွေမို့ ​ပို​ပြောနိုင်​တာ...
Fighting baby Ni Ni​လေး"

Referred PainWhere stories live. Discover now