"စောင့်ပါဦး Unnieရဲ့" Jennieနောက်က လှမ်းအော်လိုက်တော့ Jisooခြေလှမ်းတွေ ရပ်သွားတယ်။
အခန်းပြန်မယ်ဆိုပြီး လူမရှိတဲ့ အခြမ်းဘက်ထွက်လာတာ။ စိတ်တိုပြီး ဘယ်ဘက်ကို လျှောက်လာမိတာလဲတောင် မသိတော့ဘူး။
ပြေးလာတဲ့Jennieက လမ်းလျှောက်လာတဲ့ Jisooကို မှီသွားပြီး Jisooလက်တွေကို လှမ်းကိုင်လိုက်တယ်။
"ရေထဲထိသွားမလို့လား Ji Ji"
ကလေးနှုတ်ခမ်းက ထွက်လာတဲ့ သူ့အတွက် ပထမဆုံးသော nickname...ji jiတဲ့လား။ ဘယ်လိုပြောရင် စိတ်တိုပျောက်မလဲ သိပ်သိတဲ့ကလေး။
"ရေထဲထိ မသွားပါဘူး...လူတွေနဲ့ စိတ်ရှုပ်လာလို့" မယုတ်မလွန်ဖြေလိုက်တော့...
"ဘာလို့ စိတ်ရှုပ်ရတာလဲ"
သိရဲ့သားနဲ့မေးပြန်ပြီ။
"Babe...ကိုယ်ချစ်တဲ့သူကို တခြားသူက ချစ်တယ်အော်နေတာ စိတ်မရှုပ်ဘဲနေမလား""Ji Jiya...အရင်ဆုံး ဒီမှာ အရင်ထိုင်။ပြီးရင်...ဟိုက လှိုင်းတွေကို ကြည့်လိုက်။ ကမ်းစပ်က လက်မခံတာတောင် ကြိုးစားပြီး အမြဲ ကမ်းခြေကို ရိုက်ခတ်နေတာ။ ဘယ်အချိန်လက်ခံမလဲလို့။"
ဟုတ်ပါရဲ့ လှိုင်းတွေ တဝုန်းဝုန်းနဲ့ ကမ်းဆီလာနေတာပါလား။
"ဘယ်အချိန် သူပိုင်မလဲ မသိတာတောင် လှိုင်းတွေက ကမ်းစပ်ကို အမြဲကြည့်နေတာ..."
Jisoo ခေါင်းငိုက်စိုက်ချထားရုံကလွဲပြီး ပြန်မပြောတတ်ပါ။ တကယ်ဆို သူ့အပြုအမူက လွန်သွားသည်လေ။ ထထွက်လာခဲ့တာကိုး။
ခေါင်းငုံ့နေတဲ့ Jisooမျက်နှာကို မော့ခိုင်းပြီး...Jennieတစ်ယောက် Jisooရဲ့ မျက်လုံးတွေကို တည့်ကြည့်ပြီး ပြောချလိုက်တယ်။
"လှိုင်းတွေကတောင် အဲ့လိုကြိုးစားနေတာ။ Unnieက ဘာလို့ကြိုးစားပြီးတောင် ဒီကိုတစ်ချက်မကြည့်ဘဲ ထွက်သွားရတာလဲ..."
"မီရားနဲ Babeya..."
"ခု ကြားချင်တာ အဲ့စကားမဟုတ်ပါဘူး"
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo