Part17

1.9K 142 4
                                    

"​ဝေးးးLet's go"

ကား​ပေါ်မှာ တစ်​​ယောက်​တစ်​​ပေါက်​နဲ့ ဆူညံ​နေကြတာ။
ကားက၃နာရီ​ကျော်​ ​မောင်းရမယ်​ဆို​တော့ တစ်​လမ်းလုံး ဆူ​နေကြမှာပဲ။

"ကမ်း​ခြေ​ရောက်​ရင်​ BBQ Party လုပ်​မယ်​"

"ဂစ်​တာတီးပြီး သီချင်းဆိုမယ်​"

"Game​တွေ​ဆော့မယ်​"

သူတို့ ​အော်​ဟစ်​ပြီး​ပြော​နေကြတာ​တွေကိုကြည့်​ပြီး Jennieပါ ​ပျော်​လာတယ်​။ ဒါ​တောင်​ အတန်းထဲကသူ​တွေနဲ့ အရမ်းကြီးမရင်းနှီး။ သူတို့​ပျော်​​နေတာကြည့်​ရင်း အ​ပျော်​​တွေ ကူးစက်​ပြီး ပိုရင်းနှီးလာသလို။

"​ဘောလုံး​ရော မကန်​ကြဘူးလား" Jennieဝင်​​မေးလိုက်​​တော့ သူ့ကို ဝိုင်းရီကြသည်​။

"Kim Jennieshiက ကန်​တတ်​လို့လား"

"မကန်​တတ်​ပါဘူး အား​ပေးမှာ"

"​ဘောလုံး​ရောကန်​မယ်​ ​အ​ပြေးလည်းပြိုင်​မယ်​။ လက်​​ရွေးစင်​ကြီးမပါတဲ့ ဒီအတန်းမှာ ဘယ်​သူအ​ပြေးအမြန်​ဆုံးလဲ ပြိုင်​ချင်​တယ်​ဆိုပြီး မဲ​တွေ​ပေးထားကြတာ"

"​ပျော်​စရာကြီး​ဝေး"
.
.
.
"Jisoo sunbaenimနဲ့ Jennieနဲ့ ရင်းနှီးတယ်​မလား"

"ဟင်​"
ထိုင်​ခုံ​နေရာ​တွေက မဲချပြီးထိုင်​ရ​တော့ သူ့​ဘေးမှာ ထိုငိ​နေတဲ့တစ်​​ယောက်​​မေးလာ​တော့ Jennieအံ့သြသွားတာ။

"​ကျောင်းလက်​​ရွေးစင်​လို့​ပြော​တော့ Jisoo sunbaenimကို သတိရသွားလို့ပါ"

"​ဪ"

"တူတူ​တွေ့ဖူးလို့​လေ။ Kim Jennieshiကို အားကျ​နေတာ..."

အဲ့အချိန်​ ​ရှေ့က တစ်​​ယောက်​က လှည့်​​ပြောလာသည်​။
"Miyeonက Jisoo sunbaenimကို သ​ဘောကျ​နေတာ​လေ"

"Sunbaeက ကြင်​နာပြီး သ​ဘောလည်း​ကောင်းတယ်​​လေ"

"Jennieshi​ရေ...Miyeonက Nayeon sunbaenimကို မ​ကျော်​နိုင်​လို့။ ဟိုက သူ့သူငယ်​ချင်းနား ကပ်​လာသမျှကို အပြည့်​အဝ​မောင်းထုတ်​ထားတာ​။ ​နောက်​ပြီး Chae youngကလည်း သူ့Unnieကို နည်းနည်းမှ အထိမခံဘူး။ Jisoo sunbaeက သူ့အပိုင်​မို့ ထိဖို့မကြိုးစားကြပါနဲ့တဲ့​လေ။ အတန်း​ရှေ့မှာ အားလုံးသိ​အောင်​​ပြောထားတာ​နော်​"

Referred PainWhere stories live. Discover now