ဖြစ်နိုင်မယ်ဆို သူ အခုချိန် လေပြည်ဖြစ်ချင်တယ်။ Jenမသိစေဘဲ ကလေးနားမှာ တိတ်တဆိတ် ရှိနေချင်တာ။ တစ်ချက်ဝှေ့လိုက်တိုင်း သူ အေးချမ်းသွားမလားပေါ့။
Jenကို ထားခဲ့ရတာ ပင်ပန်းလွန်းတယ်။ ကိုယ့်ရင်ကိုယ် ပြန်ခွဲရသလိုပဲ။ စုပ်လဲစူး စားလည်းရူးမယ့် အခြေအနေဆီ Jenကို ခေါ်မသွားချင်။ ကိုယ်တိုင် ရပ်တည်လာနိုင်တဲ့အချိန်ရောက်ရင်တော့ ဘယ်သူတွေ ဘာပြောပြော Jenလက်ကို ဆွဲပြီး အားလုံးကို ရင်ဆိုင်ပစ်မှာ။
ဒီအခြေအနေမှာ တဇွတ်ထိုး လုပ်လိုက်ရင် လူကြီးတွေက သူနဲ့Jenကို ဝေးအောင်လုပ်လိုက်ကြမယ်ဆိုတာ သူသိသည်။ သူတို့ပြောနေတဲ့ သိပ်တော်လွန်းတယ်ဆိုတဲ့ လူဆီကိုပေါ့။
Hak...Kim Jisooကိုရော အထင်သေးနေသလားလို့။ အဲ့လူထက်သူ သာအောင် လုပ်နိုင်တာပေါ့...chessတောင် နိုင်အောင်အကွက်မရွေ့တတ်တဲ့သူလို့ပဲ သူကတော့ မြင်သည်။Babyကိုတော့ ခွင့်လွှတ်ပါကြောင်း တောင်းပန်ရပေမည်။ အကြောင်းပြချက်မပေးဘဲ ထွက်ပြေးခဲ့သလို ဖြစ်နေသည်လေ။ ထွက်ပြေးခဲ့တာ မဟုတ်ပါဘူး Jen...အဖိုးဆီမှာ Jenကို သေချာ စောင့်ရှောက်ဖို့ ကတိအထပ်ထပ်တောင်းခဲ့ရတာပါ။ အဖိုးက အပြည့်အဝ ကာကွယ်မယ်ဆိုတာ သူ ယုံကြည်တယ်လေ။
နောက်ဆုံးအချိန် ခံနိုင်ရည်မရှိလို့ ပြိုလဲကျမယ်ဆိုရင်တောင် ကောင်းကင်ပေါ်က တိမ်တွေလို ငွေ့ရည်ဖွဲ့ပြီး Jenအပေါ် ရွာချပစ်ချင်တာ ကိုယ့်အတ္တပါ။ အနည်းဆုံးတော့ Jenအေးချမ်းရမယ်လေ။ ဟင့်အင်း ခံနိုင်ရည်မရှိစရာ မရှိပါဘူး။ သူထွက်ပြေးခဲ့တာမှ မဟုတ်တာ...ခုန်အုပ်မယ့်ကျား အားယူပြီး နောက်တစ်လှမ်းဆုတ်သလိုပေါ့။ Jenဆီကို လာဖို့ အားယူနေတာ။
ကျေးဇူးပြုပြီး ဒီ၃နှစ်အတွင်း စောင့်နေပေးပါ Jen...
____________________________
JiJi....
JiJiမရှိတဲ့ ပထမဆုံးတစ်နှစ်က ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိလား။တစ်လနီးပါး အခန်းအောင်းပြီး နောက်ဆုံးဆေးရုံတင်ယူလိုက်ရတယ်။ သူကိုယ်တိုင်ကလည်း ဦးလေးကို အဲ့ချိန်ကနေ စကားမပြောဖြစ်တော့တာပဲ။အဲ့နောက်ပိုင်း ဦးလေးလည်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်ထင်ပါတယ်။ ဒါတောင် တစ်ချက်တစ်ချက် ထဖောက်ချင်သေး...၃နှစ်စောင့်ကြည့်မယ်ဆိုပြီး။ သူဘာပြောချင်တယ်ဆိုတာ Jennieသေချာမသိပေမယ့် သူ့စကားတွေကို အာရုံမစိုက်ဖြစ်။
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo