Part 1

5.1K 214 4
                                    

"Jen Jen ငါတို့​ကျောင်းကို​ပြောင်းလာရတဲ့ ပထမဆုံးရက်​မှာတင်​ စိတ်​ရှုပ်​​နေပီလား"

"မရှုပ်​ပါဘူး lisaရဲ့ ​ကျောင်းကြီးက ​နေချင်​စရာကြီးကို
ပြီး​တော့ New Zealandမှာ သူငယ်​ချင်းသိပ်​မရှိခဲ့ဘူး"

"အဲ့လို သူငယ်​ချင်းမထားခဲ့လို့လည်း ဒီ​လောက်​ချစ်​ဖို့​ကောင်းတဲ့ ငါ့ရဲ့Jen Jen​လေးကို ​ချေတယ်​​ပြောကြတာ"

"lisa​နော်​" ဂျင်းနီ လီဆာ့လက်​ကို လှမ်းရိုက်​ရင်း ပြုံး​မိတယ်​။

ဒီမှာ​မွေးခဲ့​ပေမယ့်​ အ​ဖေ့ရဲ့အလုပ်​ကိစ္စ​ကြောင့်​ New Zealandကို​ ၁၀နှစ်​သမီး​လောက်​မှာ​ပြောင်းခဲ့ရတယ်​။
နဂိုကတည်းက ကိုယ့်​ဖာသာ​နေတတ်​တဲ့ အကျင့်​​ကြောင့်​​ရော ​ရေခြား​မြေခြားက သူငယ်​ချင်း​တွေနဲ့ ဆက်​ဆံရတဲ့ ဘာသာစကား အခက်​အခဲ​ကြောင့်​​ရော သူ့မှာ သူငယ်​ချင်းအများကြီး မရှိခဲ့ဘူး။

နောက်​ပိုင်း ဘာသာစကားကို ကျွမ်းကျွမ်းကျင်​ကျင်​​ပြောနိုင်​လာ​တော့လည်း အ​နေ​အေးတဲ့အကျင့်​က ​ဖျောက်​မရ​တော့ တစ်​ကိုယ်​တည်းပဲ​နေတတ်​ခဲ့တာ...

နိုင်​ငံခြားမှာ​နေလာတဲ့ တစ်​​လျှောက်​လုံး အဆက်​အသွယ်​မပြတ်​ခဲ့တဲ့ လီဆာ့​ကြောင့်​​ သူ့မှာ သူငယ်​ချင်းမရှိဘူးဆိုတဲ့ ခံစားချက်​ မခံစားခဲ့ရသလို...
လီဆာ့အ​ဖေကလည်း သူ့အ​ဖေနဲ့ စီးပွား​ရေးpartner​တွေဆို​တော့ ​ကျောင်းပိတ်​ရက်​ရှည်​ရတိုင်း လီဆာက လိုက်​လိုက်​လာတတ်​​တော့ စိတ်​ခံစားမှု​ရော ရုပ်​ခံစားမှုပါ အထီးမကျန်​ခဲ့ရဘူး။

ခု​တော့ သူ ကိုယ့်​နိုင်​ငံကိုယ်​ပြန်​​ရောက်​ပြီ
ဒီပတ်​ဝန်းကျင်​ကို သူလွမ်းမိတာကြာ​ပေါ့....
.
.
"Jen Jen စိတ်​မရှုပ်​ဘူးလည်း​ပြောတယ်​ ဘာ​တွေ​တွေး​နေတာလဲ"

"စဉ်းစား​နေတာပါ"

"ဟုတ်​လို့လား စိတ်​မရှုပ်​ဘူးဆိုလည်း ဘာစဉ်းစား​နေလဲ​ပြော....​လျှောက်​​တွေးပီး စိတ်​ရှုပ်​​နေမှာ စိတ်​ပူတယ်​။
လန့်​သွားလို့လား scooter​​တွေဝင်​တိုက်​တာမြင်​ပီး"

Referred PainWhere stories live. Discover now