မငိုပါနဲ့ Babe,ဒီတစ်ခါ ထပ်ထွက်သွားတော့ပါဘူး...
'ဘာလို့ အဲ့လောက်တောင် နေနိုင်ရတာလဲ'သူ့ကို မနာအောင် ထုရိုက်ရင် Jenက ပြောလာတယ်။
'Babeကို အမြဲတမ်း စောင့်ကြည့်နေတာ...မနေနိုင်ခဲ့ပါဘူး...'
'၃နှစ်အတွင်း မဆက်သွယ်ဘူးလို့ ကတိပေးခဲ့လို့ babeဆီကို ကိုယ်တိုင်မလာနိုင်ခဲ့ပေမယ့် စာမေးပွဲအောင်တော့ ဖုန်းဆက်ခဲ့တာလည်း ဒီလူပါ...Ireneနာမည်နဲ့ ပန်းစည်းပို့ခဲ့တာလည်း ဒီလူပါ'
'အခုတော့ babeကို စိတ်ချလက်ချ ဒီလူ့လက်ထဲ ထည့်လိုက်နိုင်ဖို့ အဖိုးကို သက်သေပြနိုင်ပြီ'
သူ့ကို ရိုက်နေတဲ့ Jenလက်ကလေးကိုဆွဲပြီး ရင်ခွင်ထဲ ထည့်လိုက်တယ်။'ဒါဆို Ireneရဲ့ partnerဆိုတာ...'
'ဟုတ်တယ် Ireneရဲ့ partnerဆိုတာ babeရဲ့ Kim Jisooပဲ'
Jennieတစ်ယောက် Jisooရင်ခွင်ထဲကနေ ထွက်လိုက်တယ်။ အဲ့ဒီနောက် သူ့ဖုန်းထဲက ပုံတွေကို ထုတ်ပြပြီး ....
'ဒါနဲ့ ဒီပုံတွေကို ကြည့်ပါဦး Kim Jisooရှင့်။ ရှင်က ဒီကို ပစ်ထားခဲ့ပြီး Ireneနဲ့ ပျော်ပါးနေခဲ့တာပေါ့'
နှုတ်ခမ်းပါးလေးနဲ့ ရန်တွေ့နေတဲ့ သူ့ကလေးက သိပ်ချစ်ဖို့ကောင်းတာပဲ။ ပုံတွေ ကလေးထဲကို ဘယ်လိုရောက်နေမှန်း မသိပေမယ့် သူ့ကလေး သဝန်တိုနေတာ အူယားစရာသိပ်ကောင်းတယ်။
'သဝန်တိုနေတာတောင် ဘာလို့ သိပ်ချစ်ဖို့ကောင်းနေရတာလဲ babe'
သူမေးတာကို မဖြေဘဲ လှည့်ထွက်သွားတာ...
ကလေးက မသိဘဲ တကယ်ကို သဝန်တိုနေခဲ့တာပဲ။လှည့်ထွက်သွားတဲ့ Jenကို သူ့ရဲ့နောက်နေ ဆွဲဖက်ထားလိုက်တယ်။
'လာမဖက်နဲ့ သွား...ခုမှ'
'Babeနဲ့ အဝေးမှာ ကြိုးစားပြီး အောင်မြင်မှ ပြန်လာမယ် ဆုံးဖြတ်ခဲ့ပေမယ့် တကယ်ဝေးခဲ့တော့ ဒီလူပြိုလဲခဲ့ရတာပဲ။ အဲ့ဒီအချိန်မှာ Ireneက ရင်ဖွင့်သမျှ နားထောင်ပြီး အားပေးခဲ့တာ'
'နောက်တော့ babeကို လွမ်းတိုင်းရေးတဲ့စာတွေကို Ireneက ဖတ်မိပြီး သူက ထုတ်ဝေသူအနေနဲ့ထုတ်လိုက်တဲ့ စာအုပ်က မထင်မှတ်ဘဲ အောင်မြင်သွားတယ်...အဲ့တာကြောင့် ကျာင်းသားဘဝမှာပဲ စီးပွားရေးစလုပ်နိုင်ခဲ့ကြတာ'
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo