Part 28

1.9K 149 4
                                    

JiJiပုံတွေတွေ့ပြီး တစ်နှစ်လောက်အကြာ သူနဲ့ lisaတွေ့တော့ သူရင်ဖွင့်ဖြစ်သည်။

'နင်ပဲ စဉ်းစားကြည့်...ငါJiJiကို စိတ်မနာသင့်ဘူးလား။ သူမရှိတာတောင် ငါက အားလုံးနဲ့ ကင်းအောင်နေတယ်လေ။ ယုတ်စွအဆုံး Oppa Jung Hoနဲ့တောင် မတွေ့တော့ဘူး။ဒါတောင် သူက မိသားစုဝင်နော်'

'Unnieမှာအကြောင်းရှိလိုနေမှာပါ'

'အကြောင်းရှိခဲ့ရင်တောင် ခုလို ထွက်မသွားသင့်ဘူးလေ'

'Jen...မဟုတ်ရင်တောင် Unnieက နိုင်ငံခြားမှာ ကျောင်းသွားတတ်ရမယ်ဆိုတာသိလား'

'ဟင်...'

'ဟုတ်တယ် Jen Jenရဲ့။ Unnieက USမှာ full scholarshipနဲ့ ကျောင်းသွားတက်ရမယ့် ကျောင်းသူ'

သူ့ကို Unnieဘာမှ မပြောပြခဲ့တာလား။

အဲ့တာကြောင့်ပဲ သူတစ်ခါက ငိုပြီး Kim Jisooက Playerကြီး။ သူ့ကိုငါ မချစ်ခဲ့သင့်ဘူးလို့ ပြောမိတော့...သူ့ကို ဖက်ပေးပြီး နှစ်သိမ့်နေတဲ့ Chaeyoungက မျက်နှာငယ်လေးနဲ့'unnieက playerမဟုတ်ပါဘူး'လို့ ပြောခဲ့တာလား။

ဒါပေမယ့် ဘာတွေပဲပြောပြော သူစိတ်ခုမိနေသည်။ ပုံတွေကြောင့်ပေါ့။

___________________________

ခုဆို Jenဘေးမှာ JiJiမရှိတော့တာ ၂နှစ်ကျော်ပြီ။ JiJiပုံတွေ တွေ့ပြီးနောက်ပိုင်း Jenခံစားချက်တွေကို အလုပ်တွေနဲ့ ဖြေဖျောက်ပစ်ခဲ့တာ။ ပုံတွေတွေ့တာတောင် ဒီလောက်နာကျင်ရတာမို့...အဖိုးကိုယ်တိုင် JiJiဘယ်မှာရှိနေတယ် ပြောခဲ့သည့်တိုင် Jenလိုက်မတွေရဲ့။ အပြင်မှာတွေ့တဲ့အချိန် JiJiသာ တခြားတစ်ယောက်နဲ့ ဖြစ်နေရင် သူရူးသွားမှာ။ အဲ့တာကြောင့် JiJiကိုယ်တိုင် ပြန်လာမယ့်နေ့ကိုပဲ သူစောင့်တော့မယ်လို့ ဆုံးဖြတ်ပြီး အလုပ်တွေ ဖိလုပ်ခဲ့တာ။

ခုဆို Lisaကလည်း နိုင်ငံကျော် dancerတစ်ယောက်ဖြစ်နေပြီ။ Chaeyoungကလည်း နာမည်ကြီးbrandတစ်ခုရဲ့ main designerတစ်ယောက်ဖြစ်နေပြီး သူ့အလုပ်နဲ့သူ အောင်မြင်နေကြပြီ။

တစ်လတစ်ခါလောက်တော့ ၃ယောက်စုတွေ့ဖြစ်ကြတယ်။ Jenသိပါတယ်...Chaeyoungက JiJiအကြောင်းတွေ ပြောပြချင်ခဲ့တယ်ဆိုတာ။ သူ့အမေးကို စောင့်နေတယ်ဆိုတာလည်း သူသိတယ်။ ဒါပေမယ့် သူမမေးဖြစ်။

Referred PainWhere stories live. Discover now