Part 8

2K 165 0
                                    

ဖုန်းနံပါတ်​ရပြီး တစ်​ပတ်​​လောက်​​နေသည်​အထိ Jennieကို ဖုန်းမဆက်​ရဲ​သေး...ဘယ်​အ​ကြောင်းအရာကို ဦးတည်​ပြီး ဖုန်းဆက်​ရမလဲ Jisooမစဉ်းစားတတ်​...​ကျောင်းမှာ​တော့ သူ့ကို အမြဲ ခိုးခိုးကြည့်​​နေမိသည်​။

အတန်းထဲကို ​စော​စော​ရောက်​​တတ်​​တဲ့ Jisooက ပြတင်း​ပေါက်​​ဘေး သူ့ခုံက​နေ Jennie​ကျောင်းလာတာကို အမြဲကြည့်​မိသည်​။Lisaနဲ့ဆို အမြဲ တပြုံးပြုံးဖြစ်​​နေတတ်​​သော Jennie​လေး...
ရုပ်​တည်​နဲ့ ​နေတတ်​ပြီး ​ချေတယ်​လို့ နာမည်​ကြီး​ပေမယ့်​...Jennieရီလိုက်​တဲ့ အချိန်​တိုင်း က​လေး​လေးတစ်​​ယောက်​လို အပြစ်​ကင်း​နေတတ်​တာ...
Jisooအတွက်​​တော့ သူမအပြုံး​တွေက ​အေးမြသည်​။

ဒီည​တော့ ကြိုးစားပြီး ဖုန်းဆက်​ရပါမည်​။ ​ချေတတ်​တဲ့က​လေးကိုမှ ကိုယ်​က ချစ်​မိ​နေတာကိုး...​ကျေးဇူးပြုပြီး ရပ်​​စောင့်​​နေ​ပေးပါ...တစ်​လှမ်းချင်းတိုးလာခဲ့ပါမယ် Jennieya...

______________________

ဖုန်းကို ကိုင်​လိုက်​ ချလိုက်​လုပ်​​နေတာ နာရီဝက်​​လောက်​ရှိပြီ။ ​နောက်​ဆုံး message အရင်​ပို့ဖို့ပဲ ဆုံးဖြတ်​လိုက်​​တော့သည်​။

"💭💭
Jisoo unnieပါ။
Jennie အားလား
ဖုန်းဆက်​လို့ရမလား💭💭"
မျက်​လုံးစုံမှိတ်​ပြီး ပို့ပစ်​လိုက်​တယ်​။

၁၅မိနစ်​​လောက်​ကြာမှ အ​ချေ​လေးက replyလာတယ်​။ ၁၅မိနစ်​တိတိ ဖုန်းကို စိုက်​ကြည့်​မိ​နေတဲ့ Jisoo, reply​ကြောင့်​ ထခုန်​မတတ်​​ပျော်​မိသွားတာပဲ...
သူ့ထုံးစံအတိုင်း ​ချေတတ်​တဲ့က​လေးရဲ့ replyက

"💭ဟုတ်​💭"တဲ့​လေ...တစ်​လုံးတည်း။
ဒီတစ်​ခါ​တော့ jisoo ရဲရဲဝံ့ဝံ့ ဖုန်း​ခေါ်လိုက်​နိုင်​တယ်​။

"Hello, Jennieလား"

"Nae Unnie ​ပြော​လေ"

"အရင်​တစ်​ခါ ​ပြောဖူးတဲ့ roller skate​လေ...အဲ့တာ သွားစီးမလို့...အဲတာ Jennieလိုက်​ချင်​လားလို့"

"ဘယ်​​နေ့လဲ Unnie"

"ဒီတစ်​ပတ်​ ပိတ်​ရက်​ပါ"

"ဘယ်​သူ​တွေပါ​သေးတာလဲ"

"ဘယ်​သူမှ​တော့ မ​ပြောရ​သေးဘူး, Chaeyoung​နဲ့ lisaက​တော့ လိုက်​​နေကျ...Jennieလိုက်​မယ်​ဆို အ​ကြောင်းပြန်​​နော်​...Unnie​စောင့်​​နေမယ်​"

Referred PainWhere stories live. Discover now