Part 23

1.9K 143 5
                                    

ကလေးတွေရဲ့ concertက momentတွေရယ် Vliveမှာ နှစ်ယောက်သား ကြည်နူးပြနေတာတွေကြည့်ပြီး ဒီတစ်ပိုင်းကိုရော အချိုရေးပါရစေ။ သူတို့ နှစ်ယောက်ကို ကြည့်ပြီးတော့ လောလောဆယ် ဘယ်လိုမှ dramaမခင်းနိုင်သေးလို့ပါ။ သည်းခံပြီး အချိုစားကြပါကုန်။

သူတို့ရဲ့ first dateပြီးနောက်တစ်လနေရင် Jisooတို့ စာမေးပွဲဆိုတော့ သေသေချာချာ စာလုပ်ရတော့သည်။

မနက်ခင်း စာကြည့်ချိန် ပိုတိုးလိုက်တော့ Jennieတို့နဲ့ ကျောင်းတူတူ မသွားဖြစ်တော့...Chaeyoungကတော့ သူတို့နဲ့ တူတူသွားဖြစ်သည်။

'အဲ့လောက်ကြီးလည်း မျှော်မနေပါနဲ့ Jennieshi...Unnieက နောက်ကျမှ လာမှာ။ အပီအပြင် စာလုပ်နေပြီသူက'

Chaeyoungပြောနေတာကို သိပ်နားမဝင်၊ သူUnnieကို မျှော်ချင်သည်။ အနည်းဆုံးတော့ မျက်နှာလေးကို တွေ့ချင်သည်။ သူ့မျက်နှာ သူ့အပြုံးကို အဝေးက ဝိုးတဝါး မြင်ရလည်း သူကျေနပ်ပါတယ်။

ညညဆိုလည်း စာပို့ရုံသာပို့ရသည်။ သူဖုန်းဆက်ရင် အနှောက်အယှက်ဖြစ်မှာစိုးလို့ ဖုန်းမဆက်ဖြစ်။ Ji Jiအတွက် စာမေးပွဲက အရေးကြီးသည်လေ။ အထက်တန်းနောက်ဆုံးနှစ်ဆိုတော့ ကြိုးစားရသည်လေ။နောက်ဆုံး တွေ့ဖို့အကြံက တစ်နည်းပဲ ရှိတော့...

သူChaeyoungဘက်ကို လှည့်ပြီး ပြောလိုက်သည်။

'Chaeyoungya...ဒီနေ့ည စာလာလုပ်လို့ ရလား'

'ဟင် Jen Jen, ဒီနေ့ ငါက အဘွားအိမ်သွားမှာလေ။ Jen Jenတစ်ယောက်တည်း Chaeyoungဆီသွားမလို့လား'

'ဟီး တကယ်က Ji Jiကို လွမ်းလို့'

'Unnieက စာလုပ်ရမှာလေ Jen Jen'

'တစ်ရက်တည်းပါနော်'

'လူလည်လုပ်ပြီး ငါမရှိတဲ့ရက်သွားတာမလား'

'ဟီး...'

'Park Chae,ငါမရှိဘဲ တစ်ယောက်တည်းကို ခေါ်လို့ရလားပြော'

'Chaeyoungလာမယ်နော်'

'လာပါ လာပါ,Unnieလည်း ပျော်သွားမှာ Jenကို တွေ့ရင်'
.
.
.
'Jenကို စိတ်ချမယ်နော် Chaeyoung'

Chaeyoungတို့ အိမ်ရှေ့ထိ လိုက်ပို့ပြီးတာတောင် lisaက တဖွဖွမှာနေသေးတာ။

Referred PainWhere stories live. Discover now