Part 5

2.2K 175 1
                                    

"Jen Jenရေ...ပြီးပြီလား သွားရ​အောင်​"

ဒီ​နေ့သူတို့အသင်းဆို​တော့ ​စော​စောသွားရမယ်​။
lisaက ​သူ့အိမ်​​အောက်​က ​အော်​​နေပြီ။ ခဏ​နေ အခန်းထဲဝင်​လာ​တော့မည်​။
အအိပ်​မက်​တဲ့ Jennieအတွက်​ အသင်း​နေ့​တွေက ​ပျင်းရိစရာ ​နေ့ရက်​များ...
ဒီ​နေ့အသင်းရှိတာတင်​မက အားကစားဖွင့်​ပွဲလည်း ရှိတယ်​တဲ့​လေ။
ခုလည်း အချိန်​ကိုကြည့်​ဦး သွားမယ့်​အချိန်​ထက်​ တစ်​နာရီ​စောပြီး အိမ်​ကို​ရောက်​လာတဲ့ lisa...
ပြော​ပြောဆိုဆိုနဲ့ lisaအခန်းထဲ ဝင်​လာတယ်​။

"ဟာ Jen Jen ဒီ​နေ့​တော့ ​ကျောင်းအင်္ကျီ​တောင်​လဲပြီးပြီ​ပေါ့...
လာ ​ခေါင်းဖြီး​ပေးမယ်​"

Jennieကို ဆွဲပြီး​ခေါင်းဖြီး​ပေးသည်​။
Jennieက​တော့ ​ဆောင်းတွင်း အိပ်​မက်​ထဲမှာ အိပ်​မက်​​ယောင်​​နေတဲ့သူလို အိပ်​မှုံစုံမွှား...

"ရာသီဥတုက ​အေးလိုက်​​တာ"

အဲ့လို​အေးတတ်​မှန်းသိလို့ ငါ့ရဲ့ Jen Jenအတွက်
"ဒီမှာ ​​ရေ​နွေးအိတ်​"
အင်္ကျီထဲထည့်​ခဲ့။

"လာ လမ်းမှာ လန်းသွားလိမ့်​မယ်​"
အားကစားသမားပီပီ အမြဲတက်​ကြွ​နေတဲ့ lisa...

lisaက ​ကျောင်းရဲ့ မြှားပစ်​clubမှာ ​နေရာတစ်​​နေရာထိ ယူထားနိုင်​တဲ့သူ...(BP houseထဲမှာ​တော့ ​သောက်​တလွဲ​တွေပစ်​တဲ့ lalisa​လေး😍😂)
Archery clubမှာ ​နေရာယူထားနိုင်​သလို ​ကျောင်းရဲ့ Dancing clubက ဥက္ကဌ...
သူ့ရဲ့ ရည်​မှန်းချက်​က Idol groupတစ်​ခုရဲ့.main dancerဖြစ်​ချင်​တာတဲ့​လေ။

သူတို့နှစ်​​ယောက်​​ကျောင်းဆီကို လမ်း​လျှောက်​ခဲ့ကြတယ်​။
ကျောင်း​ရှေ့မှာ Chaeyoungက ကြို​ရောက်​နှင့်​​နေတာ...

"လာ ​ဝင်​ကြစို့"

Jennieတို့နှစ်​​ယောက်​ကြားကိုဝင်​ပြီး နှစ်​​ယောက်​စလုံးလက်​ကို ချိတ်​ထား​သေးတာ..သူက အလယ်​မှာ​နေလို့...

"မနက်​စာစားခဲ့ကြပြီလား ​ပေါင်​မုန့်​ကင်​ပါခဲ့တယ်​။
နှစ်​​ယောက်​စာပိုလုပ်​ခဲ့တယ်​ ဒီ​နေ့"

Chaeyoungမှာ အဲ့လို ချစ်​စရာအပြုအမူ​လေး​တွေရှိတာ Jennieသတိထားမိသည်​။
တစ်​ခါတစ်​ခါ သူ​ရော lisa​ရောအတွက်​ပါ ​ဘောပင်​လှလှ​လေး​တွေ ဝယ်​လာတတ်​တာမျိုး...

Referred PainWhere stories live. Discover now