Part13

1.9K 161 1
                                    

Jisooတစ်​​ယောက်​ ဘာဝတ်​ရမလဲ စဉ်းစား​နေတာနဲ့တင်​ အိပ်​ရာ​ပေါ် အဝတ်​​တွေ ပြန်​ကျဲ​နေတာ။

သူ့အကြိုက်​ကိုသူဝတ်​ရမယ်​ဆို အားကစားဝတ်​စုံနဲ့ပဲ လည်​မိမှာ...

သူ့​နေရာနဲ့ သူ့​နေရာ ဝတ်​တတ်​စားတတ်​တဲ့ jisooတစ်​​ယောက်​ Jennie​ရှေ့မှာ ကြည့်​​ကောင်း​ဖို့ သူနဲ့သင့်​​တော်​တာ ခုထိ ရှာမ​တွေ့​သေး....

" ယား...အဝတ်​​ရွေးရတာ ဘယ်​အချိန်​က ဒီ​လောက်​ခက်​သွားရတာလဲ"

သူ စိတ်​ပျက်​လက်​ပျက်​ ညည်းမိသွားတယ်​...
အဲ့အချိန်​ Chaeyoung အခန်းထဲဝင်​လာပြီး...

"Jisoo unnie...ရှုပ်​ပွ​နေတာပဲ...ဘာ​တွေလုပ်​ထားတာလဲ"

"နက်​ဖြန်​ အပြင်​သွားမလို့ အင်္ကျီ​ရွေး​နေတာ"

"အဲ့တာကို ဘာလို့အဲ့​လောက်​ ရှုပ်​ပွ​နေရတာလဲ"

သူ့ဟာသူ​ပြောပြီး ခဏ​နေမှ ထ​အော်​တယ်​....

"Arr...unnie...Jennieနဲ့ သွားမှာမို့လား"

"အင်း...."

"ရှက်​ပြီးပြုံးမ​နေပါနဲ့...ပြီး​တော့...
ဒီတစ်​ခါ​တွေ့ရင်​ အမြီးအ​မောက်​မတည့်​တာ​တွေ မ​ပြောနဲ့​တော့​နော်​...စိတ်​ထဲရှိတဲ့အတိုင်း ​သတ္တိရှိရှိ​ပြောလိုက်​"

"အင်း...အဲ့တာထက်​ ခုဘာဝတ်​သွားရမလဲ မသိဘူး...ကူ​ရွေး​ပေးဦး"

"အဲ့တာများ လွယ်​လွယ်​​လေး...သူဟို​တစ်​​လောက လက်​​ဆောင်​​ပေးထားတဲ့ အင်္ကျီအပြာအစင်း​လေး ဝတ်​လိုက်​"

သူ မဝတ်​ရက်​​ပေမယ့်​ သူ​ရွေး​နေတာ​တွေထက်​ အဲ့တာက အ​ကောင်းဆုံး အကြံပဲ။

"ဂိုမား​ဝေါ်ယို..."

"​တော်​ပါ​နော်​...ယဉ်​ယဉ်​​ကျေး​ကျေး​တွေ လာ​ပြောပြီး ချွဲ​နေတာ"
.
.
.
လမ်းထိပ်​က ပန်းခြံက သူတို့နှစ်​​ယောက်​ ​တွေ့ဖို့ ချိန်းထားတဲ့​နေရာ...
အဲ့က​နေမှ ခရီးစမည်​။

သူ​ပေးထားတဲ့အင်္ကျီအပြာအစင်း​လေးကို ​ဘောင်းဘီ မိုးပြာ​ရောင်​​တောက်​​တောက်​ထဲ ထည့်​ဝတ်​လို့...ဖိနပ်​အဖြူ​လေး စီးထားတဲ့ Jisoo unnieကို မြင်​​တော့...
ကောင်းကင်​ပြာပြာနဲ့ တိမ်​တိုက်​​တွေကြား​ရောက်​သွားသလိုပဲ...Unnie သိပ်​လှတယ်​။

Referred PainWhere stories live. Discover now