Part 4

2.4K 173 1
                                    

"ပြန်​​ရောက်​ပါပြီ"

"Chae​young​​လေးကစာလုပ်​ရင်း​စောင့်​​နေတယ်​ အခန်းထဲမှာ"အ​မေက​ပြော​တယ်​။

အ​ဖေက​တော့ စာဖတ်​​နေတဲ့ စာအုပ်​​ပေါ်က​နေ​ကျော်​ပြီး
"ဒီ​နေ့​နောက်​ကျတယ်​"

"​ကော်​ဖီဆိုင်​မှာ စာအုပ်​ဖတ်​ရင်း ​မျောသွားလို့ပါ Appa"
Jisooစာအုပ်​ကို​ထောင်​ပြလိုက်​တယ်​။

အ​ဖေက jisooအတွက်​ အ​ဖေတစ်​​ယောက်​ဆိုတာတင်​မဟုတ်​ဘူး သူငယ်​ချင်းလို စာဖတ်​​ဖော်​လိုပဲ...
အ​ဖေနဲ့ စာအုပ်​အ​ကြောင်း​တွေ​ပြောရတာ
ဟာသ​တွေ​ပြောရတာကို jisooသ​ဘောကျတယ်​။

"Chae​youngက သမီးကို​စောင့်​​နေတာ
အသီးစားဖို့ကို​ခေါ်မရဘူး"အ​ဖေက​ပြောတယ်​။

Jisooရဲ့Appaက Chaeyoungရဲ့ Godfather...
Jisooအ​ဖေနဲ့ Chaeyoungအ​ဖေက အရမ်းချစ်​ကြတဲ့ငယ်​သူငယ်​ချင်း​တွေ။
သူတို့ငယ်​ငယ်​က သူတို့သားသမီး​တွေ​မွေးလာတဲ့အခါ တစ်​​ယောက်​နဲ့တစ်​​ယောက်​ က​လေး​တွေရဲ့ godfatherအဖြစ်​ခံယူဖို့ ကတိထားခဲ့ကြတာ။
Chaeyoungရဲ့အ​ဖေကလည်း Jisooရဲ့ godfatherဖြစ်​တယ်​။
နိုင်​ငံခြားမှာ အလုပ်​အသစ်​စလုပ်​ဖို့ ဖြစ်​လာတဲ့အခါ Chaeyoungက ဒီမှာပဲ ​နေခဲ့ချင်​တာ။
အစက​ခေါ်သွား​ပေမယ့်​ ညတိုင်းကိုရီးယားနဲ့Jisoo Unnieကိုလွမ်းလို့ငိုတတ်​တဲ့ Chaeကို ​နောက်​ဆုံးဒီမှာထားဖို့ ဆုံးဖြတ်​လိုက်​ကြတယ်​။
ကျောင်းပိတ်​ရက်​​ရောက်​တိုင်း Jisooနဲ့Chaeyoungတို့နှစ်​​ယောက်​ Chaeyoungတို့မိဘ​တွေရှိတဲ့ဆီကိုသွား​နေကြ။
Chaeyoungအ​မေကလည်း ကိုရီးယားနဲ့ Auckland တစ်​လတစ်​​နေရာစီ​နေ​နေရတာ။
ယောက်ျားဆီတစ်​လ သမီးဆီတစ်​လ။
Chae youngက အဲ့​လောက်​ထိ အချစ်​ခံရ အလိုလိုက်​ခံရတဲ့က​လေး။

အဲ့က​လေးက Jisooရဲ့ ညီမငယ်​​လေးဖြစ်​သည်​​လေ။
တစ်​​ယောက်​အ​ဖေက တစ်​​ယောက်​အတွက်​ godfatherဆို​တော့...
တစ်​နည်း​ပြောရရင်​ Jisooနဲ့ Chaeyoungနဲ့က ညီအမ​တွေ​ပေါ့။
💙sister by heart💙

"​ဒေါက်​ ​ဒေါက်​"
တံခါး​ခေါက်​ပြီး ဝင်​သွား​တော့ Chaeက ဆီးပြီးရန်​​တွေ့တယ်​။

"Unnie, တံခါး​ခေါက်​တယ်ဆို ဖွင့်​​ပေးတာ​စောင့်​​လေ"
သက်​သက်​ရန်​​တွေ့တာ
တကယ်​က အမြဲတမ်း တစ်​​ယောက်​အခန်းကိုတစ်​​ယောက်​ ဒီတိုင်းဝင်​​နေကျ။

Referred PainWhere stories live. Discover now