Part 6

2.2K 163 1
                                    


မိုးဖွဲဖွဲကျ​နေတဲ့ ဒီရာသီဥတုမှာ စာသင်​ခန်းထဲ စာသင်​ဖို့ထိုင်​​နေရတာ ပျင်းလိုက်​တာ...
အဆင့်​​ကောင်းတဲ့​ကျောင်းသားထဲမှာ ပါ​ပေမယ့်​ jennieလည်း စာသင်​ဖို့ကို တစ်​ခါတစ်​​လေ ပျင်းတတ်​သည်​။
ကျောင်းအဝင်​​ပေါက်​မှာလည်း ​ကျောင်းသား​တွေက တသီသီလာ​နေကြတာ။

"ဟင်​ Jisoo Unnieပဲ။ ​ဘေးက Chaeyoungလည်း မဟုတ်​ပါလား"
Chaeyoungအစား ​ကောင်​မ​လေးတစ်​​ယောက်​။
သူကပဲ unnieကို ထီး​ဆောင်း​ပေးထား​သေးတာ။
နှစ်​​ယောက်​သား ရီလို့​မောလို့....
အဲ့လိုလူတိုင်းကို ရီပြ​နေတာ​တွေ့​တော့လည်း အဲ့unnieကို မုန်းလိုက်​တာ။
အဲ့ခံစားချက်​က မနာလိုတာလား​တော့ Jennieမသိ။
ဆက်​ကြည့်​ရင်​ ​တွေးမိ​နေဦးမှာမို့ ကိုယ့်​စာကိုယ်​သာ ပြန်​ဖတ်​​နိုင်​​အောင်​ အာရုံစိုက်​ရ​တော့တယ်​။

အာရုံစုထားပါတယ်​ဆိုမှ အတန်း​ရှေ့​ရောက်​ချလာတာ နှစ်​​ယောက်​က...Jennieစာအုပ်​ကိုသာ မဲကြည့်​​နေ​တော့တယ်​။မော့မကြည့်​ချင်​​တော့...

"Hi lisaနဲ့ Jennie"

"​ဟာ jisoo unnie, chaeyoung​ရော" Lisaက​မေး​တော့

"Chaeyoungက မ​နေ့က အ​အေးပတ်​သွားလို့ ဒီ​နေ့ အတန်းမတက်​နိုင်​ဘူး။
မျှော်​​နေကြမှာစိုးလို့ လာ​ပြောတာ။ အတန်းပိုင်​ဆရာမကိုလည်း ခွင့်​တိုင်​ခဲ့ပြီ"

"ရဲ Unnie, ည​မှ Chae youngအိမ်​ကို စာလုပ်​ကူဖို့ Jennieနဲ့ လာ​တော့မယ်​"

"ဒီမှာ lisaတို့ နှစ်​​ယောက်​အတွက်​ နွားနို့ဝယ်​လာတယ်
နွေးတုန်း​သောက်​လိုက်​"
Jisoo unnieက နွားနို့နှစ်​ဘူးကို လှမ်း​ပေးလာတယ်​။

"​Gomawoo Unnie"

"အာ ဘာမှမဟုတ်​တာကို၊ unnieက​တောင်​ ပြန်​​ကျေးဇူးတင်​ရဦးမှာ Chaeyoung ဒီ​နေ့ပျက်​ထားတာကို စာလုပ်​ကူမယ်​ဆိုလို့"

တစ်​ချိန်​လုံး ​မော့မကြည့်​တဲ့ Jennieကို သူကပဲ အရင်​စ​ခေါ်လိုက်​ရတယ်​။

"Jennieya...သွား​တော့မယ်​​နော်​။
lisa​ရောပဲ unnieသွားပြီ"

"Nae"

Lisaဆီက တုန့်​ပြန်​သံထွက်​လာ​ပေမယ့်​ Jennieက​တော့ ​ခေါင်းငြိမ့်​ပြရုံသာ ငြိမ့်​ပြသည်​။
က​လေးက ​ချေ​နေတာ...
မှုန်​ကုတ်​လို့။ စာကို ​အာရုံစိုက်​ဖတ်​​နေတာကို ​နှုတ်​ဆက်​မိလိုက်​လို့လားမသိ။

Referred PainWhere stories live. Discover now