'အပင်ပေါ်က ငှက်တွေက ဘာလို့ သစ်ကိုင်းကျိုးကျမှာကို မကြောက်တာလဲ သိလား JiJi...
သူတို့အတောင်ပံကို သူတို့ ယုံလို့လေ...'စာရေးဖို့ ကြိုးစားနေတဲ့ သူ့နောက်ကျောကနေ သိုင်းဖက်လာရင်း Jenပြောလာခဲ့ခြင်းဖြစ်သည်။
'ဟင်...'
Jenဘာဆိုလိုချင်မှန်းမသိလို့ သူမေးလိုက်ခြင်း...'သစ်ပင်ပေါ်က ငှက်လေးတွေက သစ်ကိုင်းကျိုးကျမှာ ဘယ်တုန်းကမှ တွေးမကြောက်ကြဘူးတဲ့။ တစ်ကယ်လို့ ကျိုးကျခဲ့ရင်တောင် သူတို့မှာ အချိန်မရွေးပျံနိုင်တဲ့ အတောင်ပံတွေရှိနေလို့တဲ့'
'အင်း..'
'Jenအတွက် အတောင်ပံဖြစ်ပေးပါလား'
'အခုလည်း babeအတောင်ပံပဲလေ ဒီက။ အမြဲတမ်း နောက်မှာ ရပ်တည်ပေးနေတာကို'
'အာ...အဲ့လိုပြောတာ မဟုတ်ဘူးလေ။လက်ထပ်ကြစို့လို့ ပြောချင်တာ'
'လက်ထပ်ဖို့...'
'လက်ထပ်ခွင့်တောင်းထားတယ်ကို...မေ့သွားပြီလား Kim Jisoo Shi'
'အဲ့ လက်ထပ်ခွင့်က babeက အရင်တောင်တာမဟုတ်ဘူးလား'
'ဂါး😒 Kim Jisoo Shi...ဘယ်လိုလူလဲ သက်သက်ညစ်နေတာ...နေတော့ လက်မထပ်ဘူးဆိုလည်း'
မျက်နှာကို စူပုပ်ပြီး တခြားဘက်ကို လှည့်ပစ်လိက်ြတယ်။ လူဆိုးကြီး...သူပဲ လက်ထပ်မယ်လို့ ပြောထားပြီးတော့...$&@$
'စိတ်ကောက်သွားတာလား NiNiလေး'
'မကောက်ဘူး'
'သေချာရဲ့လား'
'သေချာ'
Jisoo ပြုံးမိသည်။ ဒီလောက် ဘောက်ဆတ်ဆတ်တွေ ဖြေနေမှတော့ စိတ်ကောက်နေတာသေချာတာပေါ့။
သူJenကို ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင် ထိုင်ပစ်လိုက်တယ်။ ပြီးတော့ Jenမျက်လုံးလေးတွေကို တည့်တည့်ကြည့်ပြီး...
'Babe ကမ္ဘာပေါ်မှာ နားဝင်အချိုဆုံးစကားက ဘာလဲသိလားဟင်။ အဲ့စကားက ငါတို့အတူနေရအောင် မဟုတ်ဘူး။ ချစ်တယ်ဆိုတာလည်း မဟုတ်ဘူး'
သူJenကို လှမ်းကြည့်တော့ သူပြောတာကြားလို့ စိတ်တိုနေတဲ့အခြေအနေ...
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo