'ပြန်ရောက်ပါပြီ'
Jennieအိမ်ကိုရောက်တော့ နှုတ်ဆတ်လိုက်တယ်။
'မမလေး Jennie အဖိုးပြန်ရောက်နေပြီ' အိမ်က အဒေါ်ကြီးကပြောတော့ သူခေါင်းငြိမ့်ပြလိုက်သည်။
'အဖိုးကို ဝင်တွေ့လိုက်ဦး သမီး'
'အဖိုးက စောင့်နေတာ'
'Nae Appa...ခု ဝင်တွေ့လိုက်မယ်'
___________________________
'ဒေါက် ဒေါက်''ဟာရာဘိုဂျီး ဝင်ခဲ့မယ်နော်'
တံခါးကို အသာဖွင့်ပြီး အခန်းထဲ ဝင်သွားလိုက်တယ်။
သူ့ကို မြင်တော့ အဖိုးက စာဖတ်နေရင်း မျက်မှန်ပေါ်ကနေ ကျော်ကြည့်တယ်။
'မမလေး Jennie...အဖိုးလိုက်လာတာကို လာမကြိုဘူးဆိုတော့ အမှတ်လျှော့တယ်'
ချစ်စနိုးနဲ့ မမလေးလို့ခေါ်နေတယ်ဆိုတော့ ဒီအခြေအနေဆို အဖိုးသူ့ကို စိတ်ဆိုးမနေကြောင်း သူသိလိုက်ပါသည်။
'ဟာရာဘိုဂျီးရဲ့ senpaiကို တွေ့ခဲ့လား' (senpaiက ဂျပန်လို seniorပါပဲနော်)
Jennieပြောလိုက်တော့ အဖိုးပြုံးလာသည်။ အဖိုးငယ်ငယ်က သဘောကျခဲ့ရတဲ့ ငယ်ချစ်ဦးက ဂျပန်လူမျိုးဖြစ်ပြီး အဖိုးရဲ့ seniorတစ်ယောက်လေ။
'အမှတ်ပြန်တိုးပေးလိုက်ပြီ။'
မြေးအဖိုးနှစ်ဦး တူတူရယ်မိလိုက်ကြသည်။
'ဒါနဲ့ အဖိုးမြေးရဲ့ senpaiအကြောင်းပြောပါဦး'
'ဟာရာဘိုဂျီးကလည်း...'
'ပြောလေ နားထောင်ကြည့်မယ်။ ဘယ်အရာတွေက စွဲဆောင်နေလို့ အဖိုးကိုတောင် လာမကြိုရတာလဲလို့'
' Jisoo Unnieက နေမကောင်းလို့ပါ'
'ကောင်မလေးလား senpaiက'
အဖိုးတွေဝေသွားတာကို Jennieမြင်လိုက်မိတယ်။ သူ့ရဲ့ seniorကို ကောင်လေးလို့ မျှော်လင့်ထားတာ ဖြစ်မယ်။
ဒါပေမယ့် လူကြီးပီပီသသပဲ မျက်နှာကို ချက်ချင်းထိန်းပြီး စကားဆက်မေးတယ်။
'စာလည်း ပြပေးသေးတယ်ဆို'
'Unnieက ကျောင်းရဲ့ လက်ရွေးစင် အပြေးသမားလေ။ အားကစားတော်သလို စာလည်းရတယ်။ ကဗျာတွေကို ချစ်တဲ့ သူ၊ စာဖတ်ရတာ ကြိုက်တဲ့သူ...'
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo