Part 11

1.9K 157 0
                                    

အခန်းထဲပြန်​​ရောက်​​တဲ့ထိ Jennieဘာလုပ်​ရမှန်းမသိ...
သူသ​ဘောကျတဲ့ Unnieက သူ့ကို ချစ်​တယ်​တဲ့​​လေ...
ချစ်​တယ်​လို့ဝန်​ခံသွားတဲ့ပုံကို​တော့ Jennieတကယ်​ သ​ဘောမကျ...

Englishစာသင်​ချင်​လို့ ချစ်​တယ်​​ပြောလာတဲ့ unnieစကားက သူ့ခံစားချက်​​တွေကို ထိခိုက်​​စေသည်​​လေ...ဒီတိုင်းပဲ ချစ်​တယ်​​ပြောလိုက်​ပါ​တော့လား...ခု​တော့ အလကားသက်​သက်​ သူများစိတ်​မ​ကောင်း​အောင်​...​နေ့ခင်းက ကိုယ်​ကပဲ ​ပြော​စေ​ချင်​လို့​ပြောရသလို...

လူကို ဘယ်​လိုကစားရမလဲ သိတဲ့သူကြီး...တကယ့်​ playerကြီး...လူလည်​ကြီး...

ဒါ​ပေမယ့်​ ခုအ​ခြေအ​နေမှာ​တော့ lisaကို ရင်​ဖွင့်​ဖို့ လို​လေသည်​။ တစ်​ခုခုဆို သူ့မှာ lisaပဲရှိတာ...ပြီး​တော့ Chaeyoung...Chaeyoungက​တော့ lisaပြီးရင်​ သံ​ယောဇဉ်​တွယ်​ရတဲ့သူ ​ရင်​ဖွင့်​လို့ရတဲ့သူဆို​ပေမယ့်​ ခုချိန်​​ပြောရင်​​တော့ Jisoo unnieဘက်​ကပဲ ဖြစ်​​နေမှာ သူသိသည်​​။

နောက်​ဆုံး lisaကို ဖုန်း​ခေါ်လိုက်​ရသည်​။

"Hello...lisa"

"Onn...my Jen Jen...​ပြော အချစ်​က​လေး"

"ဒီည ငါ့ဆီ လာအိပ်​လို့ရမလား"

Jennieက လာအိပ်​ပါ​ပြောလိုက်​မှ အသံကို သတိထားမိသွားသည်​ထင်​...

"အသံက ဘယ်​လိုဖြစ်​​နေတာလဲ...အခုလာခဲ့ပြီ...ဒါပဲ​"
.
.
.
.
.
.
"ဘာဖြစ်​ထားတာလဲ"

"lisa...စိတ်​​အေး​အေးထား​နော်​"

"​အေးပါ...​ပြောစမ်းပါ...ပိုစိတ်​ပူလာပြီ အဲ့လို​ပြောလိုက်​မှ"

"Jisoo unnieက ခုန​လေးတင်​မှ ​ပြောခဲတာ...ငါ့ကို ချစ်​တယ်​တဲ့"

"ဘာ...ဘာရယ်​"

"ချစ်​တယ်​တဲ့ဆို"

"ဘယ်​တုန်းက​ပြောတာလဲ"

"ခုနကမှပါဆို"

"ငိုလာတာလား"

"Inn..."

"စိတ်​တိုလာလို့လား"

Jennieဆီမှာ jisoo unnieကို သ​ဘောကျတဲ့ အရိပ်​အ​ရောင်​​တွေ စ​တွေ့ချိန်​ကတည်းက မြင်​​နေရတာသတိထားမိ​ပေမယ့်​ ဘာပဲဖြစ်​ဖြစ်​​မေးရမယ့်​ စကား​လေ...

Referred PainΌπου ζουν οι ιστορίες. Ανακάλυψε τώρα