Part 14

1.9K 158 0
                                    

"ဒီဒီ ဒီးး"

"Jen Jen နင့်​ဖုန်း message​ရောက်​တယ်​.."lisa​အော်​​ပြောလိုက်​သည်​။ Jennieအိမ်​မှာ နှစ်​​ယောက်​တူတူ စာလုပ်​​နေကြတာ​လေ။
လပတ်​စာ​မေးပွဲက နီးလာပြီမလား။ စာကို ​သေချာဖတ်​မှ လိုချင်​တဲ့ လမ်း​ကြောင်းကို ​ရောက်​နိုင်​ကြမှာမို့ စာ​သေချာလုပ်​ကြရတယ်​။

Jisoo unnieဆို ​ဒီနှစ်​ပြီးရင်​ သူသွားချင်​တဲ့ ​ကျောင်းကို သွားလို့ရ​တော့မယ်​။ အဆင့်​​တွေက A​တွေချည်းပဲ ရတဲ့သူဆို​တော့ တက္ကသိုလ်​​ကောင်း​ကောင်းကို သွားနိုင်​မှာ...စာတင်​မကပဲ အားကစားပါ ထူးချွန်​တဲ့သူဆို​တော့ တစ်​ခြားသူ​တွေထက်​ တစ်​ပန်းသာတာ​ပေါ့။

"ရား...jen jen, messageက jisoo unnieဆီကဟ...
နက်​ဖြန်​​ကျောင်းကို တူတူသွားရ​အောင်​တဲ့"

"ဟင်​...ဟုတ်​လား"

"Jen Jen,အဲ့အ​ခြေအ​နေ​တောင်​ ​ရောက်​သွားကြပြီလား"

"အဲ့လို မဟုတ်​ပါဘူး"

"ငါ...စိတ်​ချလို့ရမလား Jen...အမှန်​အတိုင်း ​ပြောရရင်​ စိတ်​ပူတယ်​။ နင့်​ကို သ​ဘောကျ​နေတဲ့ ​ကောင်​​လေး​တွေကို သ​ဘောမကျဘဲ ဘာလို့ Unnieကိုမှ...

"အင်း...Jisooဖြစ်​​နေလို့...သူက Kim Jisooဖြစ်​​နေလို့ သ​ဘောကျတာ" Lisa ​မေးတာ မဆုံးခင်​ သူ​ဖြေမိလိုက်​သည်​။

"စ​တွေ့တဲ့​နေ့ကတည်းက သ​ဘောကျမိသွားတာ..."

သူတို့နှစ်​​ယောက်​ ခဏတိတ်​ဆိတ်​သွားကြသည်​။
.
.
"Jen Jen...ငါ့ကို​ရော ချစ်​လား"

"​အော...ချစ်​တယ်​။ အရမ်း ချစ်​တာ။ငါ့အတွက်​ Lalisa​ဆိုတာ ငါ့ရဲ့သူငယ်​ချင်းတင်​ မဟုတ်​ဘူး။ မိသားစုဝင်​...
ငါ့ရဲ့ ဖြစ်​တည်​မှုမှာ lalisaက ထိပ်​ဆုံးက ပါတယ်​"

"ငါလည်း တူတူပဲ...jen jenကို အရမ်းချစ်​တယ်​..အဲ့တာ​ကြောင့်​ပဲ နင်​ထိခိုက်​မှာ ​ကြောက်​တယ်​။ Jisoo unnieကို မယုံလို့ မဟုတ်​ဘူး​...သူက ငါ့ရဲ့ စီနီယာလည်း ဟုတ်​သလို ချစ်​ရတဲ့ အမဆိုလည်း ဟုတ်​တယ်​ဆို​ပေမယ့်​...​ဘေးပတ်​ဝန်းကျင်​က သူ​တွေ​ကြောင့်​ နင်​စိတ်​ရှုပ်​မှာ ငါစိုးရိမ်​တယ်​။ဒါ​ပေမယ့်​ jen jen ​ဘာပဲလုပ်​လုပ်​ ​ဘေးမှာ ရှိ​နေ​ပေးမှာမို့ ကိုယ့်​ကိုယ်​ကို​တော့ မထိခိုက်​​စေနဲ့"

Referred PainWhere stories live. Discover now