"တီ...တီ""Chaeyoungဖုန်းလား messageလာတယ်"
Jennieပြောပြောဆိုဆိုနဲ့ ဖုန်းကို ယူပေးလိုက်တော့...ဘုရားရေ..wallpaperမှာ သူ့ပုံပါလား...jisoo unnieသူ့ကို အိမ်လိုက်ပို့ပေးတဲ့နေ့တုန်းက ဝတ်ထားတဲ့အင်္ကျီနဲ့...နောက်ကနေ ရိုက်ထားတာဆိုတော့ တခြားသူတွေက ဘယ်သူမှန်း သေချာသိမှာ မဟုတ်ပေမယ့်..သူကတော့ သူလို့သိတယ်လေ။
"ဟာ...jisoo unnieဖုန်းကျန်ခဲ့ပြန်ပြီ"
Unnieက အဲ့လိုပဲ ဖုန်းကို ဒီအခန်းထဲမှာ ခဏ ခဏမေ့တယ်။ကျောင်းမှာဆို ဖုန်းနဲ့ gameဆော့ရတာဆိုတော့ ဖုန်းမပျောက်ပေမယ့်...အိမ်ရောက်တော့ laptopနဲ့ဆောတာနဲ့ အိမ်ထဲမှာ အမြဲထားချင်တဲ့နေရာ ထားခဲ့တာပဲ။ကြည့်နေ ပြန်လာရှာလိမ့်မယ်။"Messageတွေ ဆက်တိုက်ဝင်နေတာ...သွားမပေးလို့ အဆင်ပြေပါ့မလား"
lisaက စာကူးနေရင်း ဝင်ပြောသည်။"သွားပေးပေးရမလား" Jennieမေးလာတော့
"Arr...ရပါတယ် Jennieရဲ့...အားနာစရာကြီး"
စိတ်ထဲမှာတော့ သွားပေးစေချင်နေတာ...ပထမဆုံး အလည်လာတဲ့ရက်မှာ ခိုင်းသလို ဖြစ်မှာ အားနာလို့ရယ်သာ။"ဒေါက်...ဒေါက်,ဝင်ခဲ့ပြီ"ပြောပြောဆိုဆို တံခါးကနေခေါင်းလေးပြူလာပြီး သူ့ဖုန်းကျန်ခဲ့လား လာမေးတဲ့ jisoo...
နည်းနည်းလောက် အပြင်မှာ ထပ်ရှာလိုက်ပါဦးလား...ဘယ်နှယ့် နှစ်ယောက်တွေ့ပေးမလို့လုပ်ကာမှ အချိန်ကိုက်ကြီး ဖုန်းလာရှာရတာလဲ...ဟင်း ကိုယ့်unnieကို ရိုက်ပစ်လိုက်ချင်တော့တာပဲ...အူယားတာဆိုတာလေ...ဒါပေမယ့် ဘယ်ရမလဲ Park Chae Youngတို့ ဂွင်ဆင်ရတော့မှာပေါ့...
"Unnieဖုန်းက ဒီမှာ ကျန်ခဲ့တာ...ဒါနဲ့ ခုနက Jennieက toiletသွားချင်လို့တဲ့...Chaeyoungအခန်းက နက်ဖြန်မှ ပိုက်သမားလာမှာမို့..unnieအခန်းကို ခေါ်ပေးသွားပါဦး..please!..."တကယ်က အိမ်သာပိုက်က ဘာမှမဖြစ် အကောင်းကြီးပဲရှိသေးတာ...အံ့သြသွားတဲ့ jisoo unnieကိုတော့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ငါကွ..
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo