"ပွမ် ပွမ်"
ကားဟွန်းသံကြားလိုက်ရသည်။ အိမ်ရှေ့မှာ Nayeonရောက်နေပြီ။
"Omma...သွားတော့မယ်နော်"
"အထုပ်တွေသေချာထည့်သွားလား"
"Nae omma...အကုန်ပါပါတယ်" Jisooကျာပိုးအိတ်ကို ပုတ်ပြလိုက်သည်။
"အမလေး ဟုတ်ပါ့တော်။ အိတ်က ကြီးလိုက်တာ"
"ဟီး Ommaကလည်း...သွားပြီနော် ပိုပိုOmma"
.
.
"Sooya...ငါ့ကို ဘာလို့အင်္ကျီအပိုတွေပါ ထည့်ခိုင်းရတာလဲ""ငါပြောတဲ့အတိုင်းထည့်ခဲ့တယ်မလား"
"အင်း အကုန်ထည့်ခဲ့တယ်"
"လိမ်မာလိုက်တာ အချစ်ကလေး"
"အမယ် လေသံတွေကတော့ မဟုတ်တော့ပါဘူး။ ဘာပူဆာမလို့လဲ။တစ်နေရာရာသွားမလို့လား"
"Daebake...ကြည့် အချစ်ကလေးက မပြောဘဲ သိနေတာပဲ။ Chae youngတို့နောက် လိုက်သွားချင်လို့"
"ဘာ ဘာရယ်...ကားအကြာကြီးမောင်းရမှာဟ soyaa...ဒီနဲ့ အဲ့ကမ်းခြေက ၈၂မိုင်တောင် ဝေးတယ်။ မမောင်းနိုင်ဘူး"
"လုပ်ပါ Nayeonရာ...ဂါဂျား ဂါဂျား သွားစို့"
"အိမ်က Ommaကို အပြင်သွားမယ်ပဲပြောခဲ့ရတာ"
"ငါဖုန်းဆက်ပြီးပြီ နင့်ommaကို...သမီးတို့ ခရီးသွားမလို့လို့"
"ရား soyaa...အရမ်းညစ်တာပဲ"
Nayeonပါးစပ်ကသာပြောနေတာ လက်က စက်နှိုးပြီးသွားပြီ။ သူJisooလုပ်ချင်တာတွေကို မလွန်ဆန်နိုင်ပါ။ Jisoo အမြင့်ကြောက်တတ်တဲ့ tramaရအောင်လုပ်ပြီးကတည်းက Jisooကို ကြောက်စရာအဖြစ်တွေထပ်မဖြစ်စေရလို့ သူ့ကိုယ်သူ ကတိပေးထားတာ။
Jisooရဲ့ trama...
ဟုတ်တယ်...Jisooက မသွားနဲ့တားနေတဲ့ကြားက ဆောက်လက်စ တိုက်အစွန်မှာ တင်နေတဲ့ ပန်းကို လိုချင်တဲ့သူ့ကြောင့်။
ပန်းကို လှမ်းအယူ ခြေချော်သွားပြီး ပြုတ်ကျကာနီးမှာ Jisooသူကို လှမ်းဆွဲထားလိုက်တာ။
Nayeonကို ဆွဲထားလိုက်နိုင်ပေမယ့် သူကိုယ်တိုင်တော့ အရှိန်မထိန်းနိုင်ဘဲ တိုက်ပေါ်ကနေ ပြုတ်ကျသွားတာ။ နှစ်ထပ်အမြင့်မှာပဲ ရှိနေလို့သာပေါ့။မဟုတ်ရင် သူJisooကို ဒီအချိန်တွေ့နိုင်တော့မှာမဟုတ်။
အခုတော့ အဲ့tramaကလွဲရင် ကောင်းကောင်းမွန်မွန်ကြီးလာခဲ့တဲ့ Jisooလေး။
တတ်နိုင်သမျှ လိုက်ဖြည့်ဆည်းပေးရမှာပေါ့။
ခုတော့ မမက ဘေးမှာ အူမြူးလို့...
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo