Part 24

1.9K 147 2
                                    

ညကျ မိုးရေထဲ ပျော်ပျော်ကြီး လမ်းလျှောက်ပြန်ခဲ့တာ မနက်မှ ဒုက္ခရောက်တာပဲ။ တစ်ကိုယ်လုံး ညောင်းကိုက်လို့ အအေးမိပြီး ဖျားပြီထင်ပါရဲ့။ မနက်ခင်း စာဖတ်ချိန်မှာ စာကြည့်စားပွဲ မထိုင်နိုင်တော့...မနက်စာ စားဖို့သာ အောက်ကို ဆင်းခဲ့ရသည်။

'ဟာ...Unnie အစောကြီးဆင်းလာတာပဲ။ စာမဖတ်ဘူးလား ဒီနေ့'

'မနေ့က မိုးနည်းနည်းမိသွားတော့ ညောင်းကိုက်နေလို့ စာမဖတ်ချင်တော့ဘူး'

သူပြောတာကို နားထောင်ပြီး Chaeyoungက သူ့နှာဖူးကို လာစမ်းသည်။

'ဟာ Unnieဖျားနေတာပဲ,Omma...Jisoo Unnie ဖျားနေတယ်'

အိမ်က လူတွေ ပြာယာခတ်ကုန်သည်။ ပြာယာခတ်ဆို သူက စာမေးပွဲနီးပီကိုး...

ဆရာဝန်ကို ဖုန်းဆက်ခေါ်ဖို့လုပ်နေတဲ့ အိုမားကို လှမ်းတားလိုက်ရတယ်။ ဆရာဝန်လာပြီးရင် သူ အိမ်မှာပဲနားရတော့မယ်လေ။ အဲ့လိုတော့ မနားချင်။ စာမေးပွဲတွင်းမို့ ကျောင်းသွားချင်သည်။ အဲ့တာထက်ပိုပြီး သူ့ကို ပြတင်းပေါက်က မျှော်နေမယ့် ကလေးကို မျက်နှာလေး မြင်စေချင်သည်။

'Omma သမီး အဆင်ပြေပါတယ်။ ကျောင်းမှာ Chaeyoungလည်း ရှိတာပဲ...စိတ်မပူပါနဲ'

'ဖြစ်ပါ့မလား သမီးလေးရယ် ဖျားနေတာကို။ အိမ်မှာ နားလိုက်ပါလား'

'နားလို့မဖြစ်ဘူး Ommaရဲ့'

'အဲ့တာဆိုလည်း အဆင်ပြေလား ဖုန်းဆက်နော် သမီး'

'Nae Omma'

'ငယ်လေး Unnieကို ကြည့်ပေးလိုက်ဦး Ommaစိတ်ချမယ်နော်'

'Nae Omma'

Chaeyoungဇတ်ကလေးပုပြီဖြေလိုက်ရသည်။
လူကြီးတွေကလည်း စိတ်ပူ၊ Unnieကလည်း စိတ်နှစ်မျိုးလုံးနဲ့ ကျောင်းမပျက်ချင်။
အိုး Ommaဘယ်သိမလဲ Jennieကို မြင်ပြီးရင် Jisoo Unnieအဖျားပျောက်ချင် ပျောက်သွားမှာပေါ့။

'Chaeyoung စားပြီးရင် သွားရအောင်'

'ကလေးတွေ ဒီနေ့တော့ Appa လိုက်ပို့မယ်'

'ရပါတယ်ဆို Appaကလည်း'

'သမီးလမ်းမှာ တစ်ခုခုဖြစ်ရင် Chaeyoungလေးကလည်း ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး။ ကလေးရော ဒုက္ခရောက်နေမှာ။ ဒီနေ့တော့ လိုက်ပို့ပါရစေဗျာ'
.
.
.
လိုက်ပို့ပြီး ပြန်တော့မယ့် Appaကို ပြန်သတိပေးရသေးသည်။

Referred PainWhere stories live. Discover now