Chapter-1

1.7K 45 30
                                    

Fifty Shades OF Mafia
[🌴2jae🌙 _🐞Jackbam🐍]

::::::::::::::::::: ::::::::::::::::::::

Zawgyi :::

At Apache OF French

"Waoo!! လန်းလှချည်လား...?
ဒါနဲ့သာ ပါရီမြို့ တစ်ပတ် ပတ်လိုက်ရရင်တော့
အဟား...!! "

မျက်စိရှေ့က ပြိုင်ကား အနီရောင်လေးကိုကြည့်ကာ သူသရေတမြမြဖြစ်နေသည်။
ကားတစ်စီးလုံးကို ဘယ်ညာ အရှေ့အနောက်
နေရာမလပ်ကြည့်ရှုပြီးသည့် သကာလ
စောရနက္ခတ်နဲ့ ယှဉ်မွေးခဲ့သူပီပီ အလစ်သုတ်ယူချင်စိတ်သာ ကြီးစိုးသည်။

လက်ရှိတည်နေရာသည် Monster Club၏
ထောင့်ချိုးတစ်နေရာဖြစ်သည်မို့်
Clubထဲမှ ဆူဆူညံညံသီချင်းသံတွေသာကြားနေရပြီး ပတ်ဝန်းကျင်က လူသူကင်းမဲ့နေသည်။

ဒါသည်သာ သူခိုး၊အလစ်သုတ်၊ခါးပိုက်နှိုက် သူ့အတွက် မဟာအခွင့်အရေးကြီးသာ။

"ဆိုးဆောရီးပါ ပိုင်ရှင်တို့ရေ...."

သူ ကားတံခါးကို ခုန်ပျံကျော်လွှားကာ ဝင်သွားပြီးနောက်

ကလစ်....!!!

အသံနဲ့အတူ ပြိုင်ကားနီလေးဟာ စက်နှိုးသွားခဲ့သည်။
ပြီးနောက် ပြိုင်ကားနီလေးသည် သူခော်ဆောင်ရာနောက် တဝူးဝူးနဲ့အရှိန်အထိုး ပြေးနှင်လိုက်ပာသွားတော့သည်။

အလစ်သုတ်ခြင်းအနုပညာဟာ သူ့အတွက် သူ့အပိုင်နိုင် အကျွမ်းကျင်ဆုံး သရုပ်ဖော်ဆောင်နိုင်တဲ့ ဇာတ်ဝင်ခန်း တစ်ခုပါပဲ။

OTHER SIDE

Monster club၏ သီးသန့်အထူးခန်းတွင်
ဟန်ဂုမာဖီးယားခေါင်းဆောင် JB (Im Jae Bum)နှင့် ပါရီမာဖီးယား ကင်းလ်တို့် နယ်စပ်ကုန်သွယ်မှုအကြောင်း ဆွေးနွေးနေသည်။

"ခေါင်းဆောင်ကြီး...! မစ္စတာချွဲ ဖုန်းတွေဆက်တိုက် ဆက်ထားပါတယ်..."

နောက်လိုက်ဗြောင်ဆီမှ တင်ပြချက်ကြောင့် JB စကားစဖြတ်ရန်ပြင်ရတော့သည်။
တစ်ဖက်မာဖီးယားနှင့် ခပ်မြန်မြန် နိဂုံးစကားချုပ်ကာ မတ်တပ်ရပ် လက်ဆွဲနှုတ်ဆက်ကြပြီး နောက်လိုက်တွေနဲ့အတူ အသီးသီး clubကနေထွက်ခွာသွားကြသည်။

Fifty Shades Of Mafia [Completed]Where stories live. Discover now