Chapter-6

417 33 10
                                    

Fifty Shades OF Mafia
[🌴2jae🌙_🐞Jackbam🐍]
:::::::::::::::::::::::: :::::::::::::::::::::::::::

Zawgyi :::

"အင်း..."

သူ့လက်ချက်နဲ့ ပင်ပန်းလွန်းကာ အိပ်ပျော်နေသော စောင်ဖြူအောက်က ကိုယ်လေးမှာ လူးလွန့်နေသည်ကို ကြည့်ကာ နှစ်ခြိုက်မိနေသည်။မနက်မိုးစင်စင်လင်းနေပြီဖြစ်ပြီး သူကနိုးနေပါသော်လည်း ကလေးပေါက်စက စောင်အောက်မှာ လူးလာခေါက်လာနဲ့ ခွေ့နေတုန်း။

နဖူးဆီက ရှေ့ဆံမြိတ်ဆံသားတွေကို သပ်ပေးကာ ပြောင်ရှင်းနေသော မျက်နှာလေးကို ပွတ်သပ်နေသည်။ဆေးဆိုးပန်းရိုက် ဘာညာမရှိတဲ့ ယောက်ျားလေးတစ်ဦး။

အညိုရောင် မျက်ခုံးထူထူလေးရှိပြီး မျက်လုံးအောက်က ချစ်စရာ မှဲ့နက်လေးတစ်ခု နောက်ပြီး နှုတ်ခမ်းထူထူနှစ်လွှာတို့သာ ရှိသော ကောင်လေးတစ်ဦး အိပ်နေချိန်ဟာ ဒီလောက်လှပလိမ့်မယ်လို့ မတွေးမိခဲ့ဖူးပါ။

Bambam မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီကို လိုက်လံထိတွေ့ကာ ကြည့်ရှုစစ်ဆေးလို့မပြီးနိုင်သေး။အစိတ်အပိုင်း အရာအားလုံးဟာ ပုံမှန်ထက်မပိုတဲ့အပြင် သဘာဝတရားကို ဆန့်ကျင်စွာ မျိုးတူနှစ်ယောက် ပေါင်းစည်းနေကြခြင်း အရေးမှာ ဒီကလေးက ဘာတွေများ ချစ်ချင်စရာကောင်းနေလဲ မသိတော့ချေ။မိန်းမပေါင်း ထောင်သောင်း တွဲခဲ့ဖူးသည်။တူတူလည်း အိပ်ခဲ့ဖူးသည်။တစ်ညတာ သာယာမှုတွေရှိခဲ့သော်လည်း မနက်မိုးလင်းတာနဲ့ ကိုယ့်လမ်းကို လျှောက်ကြတာပဲ။ လွမ်းဆွတ်ခြင်းမရှိသလို ဖြစ်ပြီးသွားသော သူမတွေကိုလည်း မတမ်းတခဲ့ဖူး..။

အခုက မတူစွာ ယောက်ျားလေးတစ်ဦးနဲ့ အိပ်စက်ခဲ့ခြင်းအပေါ် ဒီကောင်လေးပေါ် မဆိုသလောက်လေး စွဲလန်းနေမိသည်။လစ်ဟာနေသော ကိုယ်ခန္ဓာ ကြောင့် ညက တကယ်ဖြစ်ခဲ့တာပဲဆိုတဲ့ စိတ်က ရှိန်းတိန်းတိန်း ဖြစ်စေသည်။ကျွန်တော့်အထင် ခုနေ ကျွန်တော်ပါးပေါ်မှာ ကြက်ဥတောင် ကြော်လို့ရနေမလား...?

"အင်း...."

သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေလို့ မဆုံးခင်ပင် စောင်ကြားထဲမှ တအိအိနဲ့ နိုးထလာသော အကောင်ပေါက်။

Fifty Shades Of Mafia [Completed]Where stories live. Discover now