Chapter-2

565 30 29
                                    

Fifty Shades OF Mafia
[🌴2jae🌙_🐞Jackbam🐍]

:::::::::::::::::: :::::::::::::::::::

Zawgyi :::


"ခေါင်းဆောင်ကြီး....သူ့ကို သတ် သတ်လို့ မ မဖြစ်ပါဖူး....!!!!"

သတ်လို့မဖြစ်ပါဖူးဆိုသည့်ကြောင့် မျက်လုံးစုံမှိတ်ထားသော ဂျက်ဆန် သက်ပြင်းမောချနိုင်တော့သည်။

ဘာဘာညာညာ အသာထား။
အသတ်မခံရဖို့သာ အရေးကြီးသည်။

ရုတ်တရက် အပြစ်ပေးအခန်းထဲသို့ အလောတကြီးပြေးဝင်လာကာ အမောတကောပြောလာသော မစ္စတာချွဲစကားကြောင့် ခေါင်းဆောင်ဖြစ်သူ လုပ်လက်စတွေ ရပ်တန့်ကုန်ကာ
နောက်လိုက်တွေပါ မစ္စတာချွဲကို မျက်လုံးအပြူးသားနဲ့ကြည့်နေကြသည်။

ဂျေဝိုင်ပီစံအိမ်၏သခင်ကြီးIm Jae Bum လဲဖြစ်၊ Wolf-hound မာဖီးယား ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးလဲဖြစ်သည့် JBကို
နောက်လိုက်အနေနဲ့ တားခွင့် သူတို့မှာမရှိ။
တားဖို့နေနေ အပြစ်ပေးအခန်းထဲသ်ို့တောင်
ခွင့်ပြု ချက်မရှိပဲ ဝင်ခွင့်မရှိ။

[Wolf-hound= ဝံပုလွေလိုက်ရာတွင် သုံးသည့် အမဲလိုက် ခွေးကြီးတစ်မျိုး
နောက်မှ တည်နေရာနဲ့ ဂိုဏ်းကြောင်းလာမယ် 😉]

ခုမစ္စတာချွဲပုံစံက တရုတ်ကောင် အသတ်ခံရမှာကို အလွန်တရာ ကြောက်နေတဲ့ပုံ..။

' သတ်လို့ မဖြစ်ပါဖူး '  ဆိုတာကြီးက....
ဘာလဲ အဲ့ပုံစံက ခံပြင်းစရာ...။
ငယ်ငယ်တည်းက တူတူကြီးပြင်းလာဖူးတဲ့
သံယောဇဉ်နဲ့ ကောင်းကောင်း ဆက်ဆံတာကို
အထင်မှားနေတဲ့ပုံပဲ..။

JBအတွက်တော့ ဝမ်လူကြီးမင်းကို သတ်ဖို့စိတ်သာ ကြီးစိုးသည်။
ဒေါသတွေငယ်ထိပ်ရောက်နေကာ  မျက်နှာတွေနီရဲနေသော ခေါင်းဆောင်ကြီးကြောင့် အခန်းထဲရှိ နောက်လိုက်ငားယောက် အသက်ပြင်းပြင်း မရှူ ရဲ။
ချွေးစီးတွေပြန်ကာ သတိခပ်ကြီးကြီးထားနေရသည်။

"ခု ခင်များ ကျု ပ်ကို လာတားနေတာလား?"

"ခေါင်း ခေါင်းဆောင်တွက် ပြောနေတာပါ..."

"ဟုတ်တယ် ကျတော့်တွက်ပဲ သူ့ကို သတ်ချင်နေတာ....
ကျတော့်ကို မနှောက်ယှက်ပဲ ငယ်လေးအနားမှာသာ သွားနေပါ မစ္စတာချွဲ..."

Fifty Shades Of Mafia [Completed]Where stories live. Discover now