Chapter-22

231 16 3
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
:::::::::::::::::  ::::::::::::::::::

[ Zawgyi ]

"ကိုယ့်အပြစ်ကိုယ်သိကြတယ်နော် "

တခဏသာ တိတ်ဆိတ်သွားတဲ့ ဧည့်ခန်းဆောင်မှာ
ဂျယ်ဘုမ်းအသံက ပြန်ထွက်လာသည်။သတိလစ်သွားတဲ့ယောင်းဂျယ်ကို ဂျယ်ဘုမ်းရဲ့ အခန်းထဲမှာ ဒေါက်တာသွမ်နဲ့ ဂျင်ယောင်း က ကြည့်ရှူပေးနေရသည်။ကျန်တဲ့အိမ်သူအိမ်သားတွေကတော့ ဧည့်ခန်းဆောင်မှာ သတိအနေအထားနဲ့ ရှိနေကြတုန်း။
ဂျယ်ဘုမ်းက ဆက်ပြောသည်။

"ခုထိ ဒီမှာ ဘာလို့ ရှိနေကြတာလဲ ?ဘယ်ကိုသွားရမလဲ လမ်းညွှန်ပေးရအုံးမှာလား?"

ဒါ ဘယ်ကို သွားခိုင်းလဲ မင်ဟိုနဲ့ အပြစ်သားတွေအကုန် သိကြတယ်။သူတို့ကို ခေါင်းဆောင်က တကယ်ရက်စက်တော့မှာပဲ။

"hyung အကိုမင်ဟိုတို့ကို ဘာမှမလုပ်ပါနဲ့ "

"မင်းအသံထွက်မလာနဲ့ ! "

မီးဖိုချောင်က အဒေါ်ကြီးတို့ကလွဲပြီး အိမ်တော်ကိုစောင့်ရှောက်ကြရတဲ့ အလုပ်သမားတွေကို ဦးဆောင်ရတဲ့ အိမ်တော်ထိန်းအပါအ၀င်  လုံခြုံရေးကို တာဝန်ယူကြတဲ့ မင်ဟိုနဲ့အတူအဖွဲ့သားတွေဟာ အပြစ်ပေးခန်းထဲ ရောက်သွားကြပြီ။

"bammie တောင်းပန်ပါတယ် ... ဒီကိစ္စက bammie မှားတာ bammieကိုပဲ အပြစ်ပေး သူတို့တွေကိုတော့ လွှတ်ပေးလိုက်ပါ hyung "

"အေး မင်းကိုလဲ ဒီတိုင်းမထားဖူး "

"ဦးလေးချွဲကို အိပ်ဆေးခတ်တာလည်း bammieပဲ
အကိုမင်ဟိုကို အကျပ်ကိုင်ခဲ့တာလဲ bammieပဲ
ယောင်းဂျယ်ကို အတင်းခေါ်ခဲ့တာလဲ bammieပဲလို့

လုပ်ချင်ရင် ကျွန်တော့်ကိုပဲလုပ် ကျွန်တော့်ကိုပဲ အပြစ်ပေးလိုက် "

ဘမ်းဘမ်းစကားတွေကလည်း ပြတ်သားနေသည်။သူ့အပြစ်သူခံမယ်။သူ့တာဝန်သူယူမယ်တခြားသူကို မထိခိုက်စေရဖူး။ဂျက်ဆန်လည်း ဘာမှကို ၀င်မပြောနိုင်သေး။ဂျယ်ဘုမ်းက နားထင်ကို လက်ညိုးနဲ့ထောက်နှိပ်နေပြီး ဒေါသတွေ ဖြေလျော့နေသည်။ဒီပုံစံက Bambamရဲ့ ပုံစံမှမဟုတ်ပဲ။အူတူတူလေးနေပြီး စကားလည်းအများကြီးမပြောတတ်တဲ့ ဒီကလေးက
ဒီနေ့မှ စကားတွေအများကြီးပြောပြီး  တခြားသူတွေကို ကာကွယ်နေလိုက်တာများ သတ္တိတွေ ရှိနေလိုက်တာ။

Fifty Shades Of Mafia [Completed]Où les histoires vivent. Découvrez maintenant