Chapter-18

236 17 6
                                    

Fifty Shades OF Mafia
[🌴2Jae🌙_👑Jackbam🐍]
:::::::::::::::::                ::::::::::::::::::

[Zawgyi]

" အင်းး "

စောင်ပုံထဲကနေ အိပ်ချင်မူးတူးနဲ့ jae beomက  ဘေးက ကလေးရှိနေလောက်မည့် နေရာကို လက်နဲ့ လျှောက်လိုက်စမ်းနေသည်။မျက်လုံးကတော့ မပွင့်သေး။ဘယ်နေရာထိထိ ဘာအစိုင်အခဲမှရှိမနေပဲ မွေ့ယာခင်းကြီးသာဖြစ်နေတော့ မျက်မှောင်က အော်တို ကြုံနေပြီ။ပြီးမှ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်တော့ ကလေးက တကယ်ရှိမနေတာ။အခန်းထဲ မျက်လုံး ဝှေ့ဝိုက်ရှာတော့လည်း မရှိ။

"ဘာလဲကွာ သူက အရင်ထနိုင်သေးတာလား?"

မနေ့က အရှိန်နဲ့ဆို ဒီမနက် အဲ့ကောင်လေးနိုးဖို့တောင် သူက တော်တော်နှိုးယူပေးရမှာကို ခုက
သူနိုးတာကိုတောင် မစောင့်ပဲ
ဘယ်ကိုများသွားပြန်ပြီလဲ?

စောင်ပုံထဲကနေ ကိုယ်လုံးတီးနဲ့ ဂျယ်ဘုမ်းက သဘက်တထည် ခါးမှာပတ်ပြီး ရေချိုးခန်းထဲ ရှိမလားဆိုပြီး သွားရှာတော့လည်း ရှိမနေပြန်ဖူး။

"ဘေဘီ!!"

အလန့်တကြားနဲ့သူက တခုခုကို ထိတ်လန့်နေပုံရပြီး အခန်းထဲက ပြေးထွက်သွားသည်။

ဘေဘီ ဘယ်မှာလဲ ??

သူတို့ အခန်းနဲ့ ပင်လယ်က လှမ်းကြည့်ရုံ နီးနီးလေးမို့ ဝေ့၀ဲရှာကြည့်တော့လည်း မတွေ့။ထိုစဉ် အနောက်ဘက်ခြမ်းဆီက ရီသံသဲ့သဲ့တွေကြားလိုက်ရတော့ ချက်ချင်း အခန်းထဲပြေးဝင်ပြီး အနောက်ဖက်ခြမ်းကို ရောက်သွားမှ သူ သက်ပြင်းချနိုင်တော့သည်။

ရေကူးကန်ထဲမှာ ဘဲရုပ်နဲ့ အလုပ်ရှုပ်နေကြတဲ့ သူ့ကလေးနဲ့ အငယ်ကောင်။သူ့ဘက်တောင် အာရုံမလာပဲ နှစ်ယောက်တည်း ကမြင်းကြောတွေထနေကြတာ။နှစ်ယောက်က ကလေးတွေပဲဆိုတော့ အပေးအယူတည့်နေကြပြီး ပျော်ပါးနေကြတာမြင်တော့ သူလည်း ပြုံးမိသည်။နောက်မှ သဘက်တထည်နဲ့ ရုပ်ပေါက်နေတဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိပြီး ရေချိုးဖို့ လုပ်ရတော့သည်။

နိုးနိုးချင်း ကလေးကိုမတွေ့ရတော့
သူတကယ် ရင်ပူသွားတာ ...

Fifty Shades Of Mafia [Completed]Where stories live. Discover now