Chapter-15

322 21 0
                                    

Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
::::::::::::::::: ::::::::::::::::::

[Zawgyi]

ရေချိုးခန်းထဲကနေ ရေစက်လက်နဲ့ ထွက်လာတဲ့ JBက အောက်ပိုင်းကို တာဝါတခုနဲ့ ပတ်ထားပြီး အပေါ်ပိုင်းကတော့ ဗလာကျင်းနေသည်။ ချပ်နားတဝိုက်မှာ ခပ်ရေးရေးအမွေးမျှင်လေးတွေရှိနေတော့ ပိုလို့တောင် Sexy ဖြစ်နေသေးသည်။

သူထွက်လာသည်အထိ ကုတင်ပေါ်မှာ
အသေးလေးက အိပ်ပျော်နေတုန်း။
စားပွဲပေါ်က နာရီကို ကြည့်တော့ နေ့လည်ခင်းဆယ့်တစ်နာရီခွဲခါနီးပြီ။

ဒီကလေးလေး တကယ်အိပ်နိုင်တာပဲ မနက်စာနဲ့နေ့လည်စာ ကို ပေါင်းစားရတော့မယ်။
မဖြစ်တော့ဖူး။နှိုးမြှဖစ်တော့မယ်။

ခန်းဆီးလိုက်ကာကို ဆွဲဖွင့်တော့
ဘန်ကောက်ရဲ့ နေရောင်ခြည်က မှန်တံခါးကနေ အိပ်ယာပေါ်က အသေးလေးဆီ ဖြာကျသွားသည်။နေရောင်စူးစူးက မျက်နှာကို လာဟက်တော့
မွေ့ယာပေါ်က ယောင်းဂျယ်က မျက်မှောင်ကြီးတွေ ကြုတ်သွားပြီး နှုတ်ခမ်းက ရှေ့ကို တစ်လက်မလောက် ဆူထွက်လာသည်။

နဂိုကမှ ခေါင်းအုံးကြား ပါးလေးကညှပ်လို့
နှုတ်ခမ်းလေးက ဆူထွက်နေပါတယ်ဆို
ခုကျ ပိုလို့ ထော်ထွက်လာသည်။

ဒါကိုမြင်တော့ ခါးထောက် မတ်တပ်ရပ်ကြည့်နေတဲ့ မာဖီးယားကြီးက အသည်းမခိုင်။
အူယားစွာနဲ့ တဟားဟား အော်ရယ်ပြီး
အိပ်ယာပေါ် ပြေးတက်ကာ ထော်စိန်လေးကို
ဆွဲမွတော့သည်။

"ထတော့ ဘေဘီရဲ့ ! "

တအင်းအင်း တအဲအဲလုပ်ပြီးယောင်းဂျယ်က သူ့ကို ကျောပေးပြီး ဟိုဘက်လှည့်အိပ်သွားသည်။

"မဆိုးနဲ့တော့ အသေးလေးရဲ့ Morning နဲ့ Lunch ပေါင်းစားတော့မလို့လား ?
ထတော့ကွာ လိမ္မာတယ် .."

"ဟင်းး ငါးမီနစ်ပဲ "

"မရဖူး! အဲ့လောက်အိပ်ရင် ခေါင်းကိုက်လိမ့်မယ် ထတော့ဆို ! "

"လေးမီနစ်ပဲ"

"မရဖူး !!"

"သုံး မီ နစ်" 

"မရဖူးလို့ဆို "

လူကဖြင့် မျက်လုံးတောင် မပွင့်ဖူး။
ဈေးကလည်း လာဆစ်နေသေးတာ။

Fifty Shades Of Mafia [Completed]Where stories live. Discover now